Part 13

130 10 4
                                    

အဖြစ်အပျတ်တွေကမြန်ဆန်လွန်းတာကြောင့် တစ်ခတ်ဓားထိုးခံလိုက်ရတာကလွဲပြီးကျန်တာကိုမမှတ်မိတော့။ မျက်လုံးမဖွင့်ခင် ကြိုတွေးမိတာက လုစ်က တစ်ခတ်အနားမှာရှိနေပြီး ဆေးရုံးကိုရောက်နေမယ်ဆိုတဲ့မြင်ကွင်းဖြစ်သည်။ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ အတွေးနဲ့လက်တွေ့ကတစ်ခြားစီဖြစ်လို့နေသည်။ မျက်နှာကျတ်က သစ်သားတွေဖြစ်နေပြီး တစ်ခတ်အနားမှာရှိနေသူက လုစ်မဟုတ်ဘဲ မိုးထက်အေးဖြစ်လို့နေသည်။ နိုးနိုးလာချင်းသူ့မျက်နှာကိုတွေ့တာမို့ ကျတ်သရေမရှိဘူးလို့တွေးမိနေတဲ့အချိန် တစ်ခတ်အပေါ်ခုန်အုပ်လိုက်တာကြောင့် လန့်သွားရသည်။

"မင်းဘာလုပ်နေတာလည်း ငါ့ကိုလွှတ်စမ်း!!"

"ကိုကိုသတိမေ့နေတာ ရက်ပိုင်းလောက်ရှိနေပြီး ကိုကို့မျက်နှာကိုပဲကြည့်နေရတာကြောင့် ကိုကို့အသံလေးကိုလွမ်းနေတာ။"

"ဘာတွေဖြစ်နေတာလည်း ငါကဘယ်ရောက်နေတာလည်း လုစ်ရော!!"

"နိုးနိုးလာချင်းအဲ့ကောင်မကိုဘာလို့တောင်းတနေတာလည်း ကိုကိုရှေ့မှာကျွန်တော်ရှိနေတယ်လေ!!"

ကျပ်မပြည့် မွေးစားသား အရူးရဲ့အော်သံကြောင့် ဒေါသထွက်သွားရသည်။ ဒေါသထွက်နေသော်ငြား အခုမှလောကကြီးနဲ့ ပြန်ချိန်ဆက်မိတာမို့ ဘာတွေဖြစ်ပျတ်သွားတာလည်းဆိုတာ သိဖို့ မေးလိုက်မိသည်။

"ငါဘာဖြစ်သွားတာလည်း ဘယ်ကိုရောက်နေတာလည်း ဆေးရုံးလည်းမဟုတ်ဘူး။"

တစ်ခတ်အသံကိုနှိမ့်ပြီးမေးလိုက်တော့ တစ်ခတ်ခေါင်းကိုကလေးတစ်ယောက်လိုပွတ်ပေးလေသည်။ အမှန်တရားပြောပါဆို မိုးထက်အေးရဲ့အရပ်နဲ့မျက်နှာကျက အတော်လေးကြည့်လို့ကောင်းသည်။ မိန်းကလေးတစ်ယောက်သာဆို သူ့ကိုချက်ချင်းကြွေနိုင်တယ်ဆိုပေမဲ့ တစ်ခတ်ကယောကျာ်းလေးလေ ပြီးတော့ ချစ်သူလုစ်လည်းရှိတယ် အဆိုးဆုံးကတော့ သူ့စောက်ကျင့်ကိုတစ်စက်ကလေးမှမကြိုက်တာဖြစ်သည်။

"ကိုကိုဗိုက်ကနာနေသေးလား။"

သူပြောကာမှ ဓားထိုးခံထားရတဲ့နေရာက နာကျင်တယ်လို့မခံစားရတာကို သတိထားမိသွားသည်။ ဗိုက်ကိုလှမ်ကြည့်လိုက်တော့ အနာတောင်ကျတ်နေလေပြီ။

He's mine(completed)Where stories live. Discover now