part7

7 0 0
                                    

မြန်မာနိုင်ငံပြန်ရောက်တဲ့အချိန်တုန်းက အချိန်အတိုင်းအတာတစ်ခုအထိ နေဖို့တွေးခဲ့သော်လည်း မြန်မြန်သာပြန်ချင်တော့သည်။ အချိန်အနည်းငယ်လောက်ထပ်နေမိတာနဲ့ အလတ်ကောင်မဂ်လာဆောင်ပြီး ဝီလျံတန်းပြီး မဂ်လာဆောင်ရကိန်းတွေမြင်နေသည်။ အက်ရှ်လေနဲ့ပြသနာတတ်ထားတာမို့ စကားမပြောဖြစ်ပေမဲ့ ငနဲလေးက အိမ်ကလူတွေနဲ့အကုန်တည့်အောင်ပေါင်းနေလေသည်။ ဘာမှလည်း မပြောသာတာမို့ ဒီတိုင်းသာလွှတ်ထားပေးလိုက်သည်။

"သားကြီးကားထဲမှာ အက်ရှ်လေနဲ့ အငယ်လေးလိုက်သွားလိုက်လေ။"

"တစ်ခတ်တင်တို့ကိုသားပဲခေါ်သွားလိုက်မယ်..။"

"သဘော..။"

နောက်ဆုံးတော့ မဂ်လာပွဲနေ့ကိုရောက်လို့လာခဲ့လေပြီ။ အကုန်လုံးကပျော်မြူးနေပေမဲ့ ဝီလျံစိတ်ထဲ အိမ်မှာကျန်ခဲ့တဲ့တစ်ယောက်အကြောင်းကိုသာ တွေးနေမိသည်။ အတွေးလွန်းပြီး ပွဲနေရာကိုရောက်မှန်းမသိရောက်လာခဲ့သည်။ အက်ရှ်လေကိုတစ်ယောက်တည်းထားလိုက်ပြီး ဆွေမျိုးတွေထိုင်တဲ့နေရာမှာမထိုင်ဘဲ တစ်ခတ်တင်တို့ထိုင်တဲ့နေရာမှာသာ ထိုင်နေခဲ့သည်။ လာတဲ့သူတွေကို နှစ်ဖက်မိဘတွေကလိုက်နှုတ်ဆက်နေတာကြောင့် ဝင်ပေါက်ကိုကျောပေးပြီး သူငယ်ချင်းတွေနဲ့စကားပြောနေခဲ့သည်။

ဝီလျံနဲ့စကားပြောနေသည့်အချိန် ခန်းမထဲဝင်လာသည့် လွန်းလင်ခတ်တင်ကို တစ်ခတ်တွေ့လိုက်ရသည်။ မျက်လုံးမှားတာလားလို့သေချာကြည့်နေမိသည်။ တစ်ခတ်တွေ့နေရတဲ့မြင်ကွင်းကိုသာ ဝီလျံတွေ့သွားရင် မိုးမီးသေချာပေါက်လောင်မည်ဖြစ်သည်။ လွန်းနဲ့တူတယ်ဆိုတဲ့ကောင်လေးက တစ်ခြားကြည့်ကောင်းတဲ့ကောင်လေးတစ်ယောက်လက်ကို ချိတ်ပြီးပွဲတတ်လို့လာသည်။ ပုံစံကြည့်လိုက်တော့ သတို့သမီး အကိုရဲ့သူငယ်ချင်းဖြစ်ပုံရသည်။

စကားပြောနေသည့်အချိန် ဝင်ပေါက်ကိုသာ အာရုံရောက်နေသည့် သူငယ်ချင်းကြောင့် သူကြည့်ရာကိုလိုက်ကြည့်ခဲ့သည်။

"ဝီလျံဖီယတ်..!!!"

ခေါင်းတောင်မစောင်းရသေးဘူး အလန့်တကြားအော်လာတဲ့သူငယ်ချင်းကြောင့် သူ့ကိုပြန်ကြည့်မိခဲ့သည်။

He's mine(completed)Where stories live. Discover now