Part 19

123 10 2
                                    

သမီးလေးစားတတ်တဲ့မုန့်တွေကုန်နေပြီမို့ အလုပ်ကပြန်သည့်အချိန် မားကတ်ကိုဝင်လိုက်သည်။ ရှင်းလည်းလိုတာလေးတွေဝယ်ရဦးမှာမို့ လိုတာတွေပတ်ပြီးဝယ်နေသည့်အချိန် အရင်တုန်းကတွဲခဲ့သည့်တစ်ယောက်နဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။ အသက်က၃၀ကျော်နေသော်ငြား သူ့ပုံစံကတည်ကြည်ခန့်ညားဆဲဖြစ်သည်။

"မတွေ့တာကြာပြီးနော်။"

"အင်း ကြာပြီးနော်။"

"နေမင်းသခင်နဲ့အဆင်ပြေရဲ့လား သမီးလေးတစ်ယောက်ရှိနေပြီးလို့ကြားတယ် ဂုဏ်ပြုပါတယ်နော်။"

သူကသာရှင်းအကြောင်းတွေသိနေတာ ရှင်းကသူ့အကြောင်းဘာတစ်ခုမှမသိတော့ သူရှင်းကိုထားခဲ့ပြီး သူ့အရင်ကောင်မလေးနောက်ပြန်ပါသွားတယ်ဆိုတာပဲသိတော့သည်။

"မင်းရော ကောင်မလေးနဲ့အဆင်ပြေရဲ့လား။"

"ကိုယ်တို့ပြတ်သွားပြီးလေ အဲ့တုန်းကတစ်ယောက်နဲ့က သဘောထားချင်းမတိုက်ဆိုင်လို့ ပြီးတော့ တစ်စုံတစ်ယောက်အပေါ်ပိုချစ်နေတယ်ဆိုတာ သိလာလို့လေ။ ဒါပေမဲ့လည်း ကိုအသိနောက်ကျသွားတယ်။ ကိုသိတဲ့အချိန် သူကတစ်ခြားသူနောက်ပါသွားတယ်လေ။"

"စိတ်မကောင်းပါဘူးနော်။"

"အခုတစ်ယောက်တည်းလာတာမလား ကော်ဖီဆိုင်ထိုင်ပါဦးလား။"

"တော်ပါပြီး အိမ်မှာသမီးလေးစောင့်နေလိမ့်မယ် ပြောစရာမရှိတော့ရင် သွားတော့မယ်နော်။"

ပြောစရာရှိတာပြောပြီးတာနဲ့လှည့်ထွက်ဖို့ပြင်လိုက်သည်။

"ရှင်း ကိုယ့်ကိုမင်းရဲ့ဖုန်းနံပါတ်လေးပေးပါလား။"

သူ့ဘက်ကိုပြန့်လှည့်ကြည့်မိလိုက်တော့ သနားစရာကောင်းတဲ့ပုံစံလေးဖြစ်နေတာမို့ ပေးဖို့စဉ်းစားမိလိုက်ပေမဲ့ သမီးလေးမျက်နှာကိုပြန်မြင်ယောင်မိတာနဲ့ ပြန်လှည့်ထွက်ဖို့ဆုံးဖြတ်လိုက်သည်။

"ဘာစိတ်မှမရှိပါဘူး ဒီတိုင်းသူငယ်ချင်းဖြစ်ချင်လို့ပါ မရဘူးလားဟင်။"

"မရတာတော့မဟုတ်ပါဘူး။"

သူ့ဘက်ကအဲ့လိုပြောလာတော့လည်း လူမူရေးအရ ရှင်းဆက်ပြီးမငြင်းချင်တော့။ အဓိကက ရှင်းနဲ့ပဲသက်ဆိုင်တာမို့ ဖုန်းနံပါတ်ပေးလိုက်သည်။

He's mine(completed)Where stories live. Discover now