extra3(end)

34 0 0
                                    

နေကျ၍ညနေဆောင်းသည့်အချိန်တွင် စိမ်းဆိုနေသောမြတ်ခင်းပြင်တစ်ခုအပေါ် ပိတ်စတို့ခင်းလျက် မိသားစုသုံးစုသည် ပျော်ပွဲစားထွက်နေကြလေသည်။

"ဒါ...ဒါ တစ်ခတ်တင်မဟုတ်လား။"

နေမင်းသခင်တစ်ယောက် တစ်ခတ်တင်အားရုတ်တရတ်တွေ့လိုက်ရသည်မို့ အံ့အားသင့်နေလေသည်။ တစ်ခတ်တင်ကွယ်လွန်ပြီးလို့ကြားသိရတုန်းက အဝေးရောက်နေသည်မို့ ရက်လည်တောင်မတတ်ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။ အခုတော့ ကွယ်လွန်ပါပြီဆိုတဲ့သူငယ်ချင်းအား မျက်မြင်တွေ့နေရသည်မို့ မယုံနိုင်ဖြစ်နေမိသည်။

"မဟုတ်ပါဘူးဆိုကွာ မိုးထက်အေးတွေ့ထားတဲ့ တစ်ခတ်တင်နဲ့တူတဲ့တစ်ယောက်ပါဆို။"

"မိုးထက်အေး မင်းငါ့သူငယ်ချင်းကိုဘာလုပ်ထားတာလည်း!!"

မိုးထက်အေးအားမာန်ပါပါဖြင့်ပြောနေသည့်သူငယ်ချင်းအား ထိန်းလိုက်ရသည်။

"ဝီလျံဖီယတ် မင်းသူ့ကိုလည်းကြည့်ပါဦးကွာ ဘယ်လိုပဲကြည့်ကြည့် ငါတို့သူငယ်ချင်းဆိုတာ ပြောစရာမလိုအောင်သိနေပြီမဟုတ်လား။"

"မင်းငါ့အနားလာခဲ့။"

ထိုစကားအားအကျယ်ကြီးပြောလို့မကောင်းသည်မို့ အနားကိုဆွဲခေါ်လိုက်ပြီး သူ့နားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"တစ်ခတ်တင် မိုးထက်အေးကိုဘယ်လောက်မုန်းလည်းဆိုတာ မင်းသိရဲ့နဲ့။ အခုတစ်ယောက်က မိုးထက်အေးကို ကာကွယ်ပြီးတော့ကို ပြောတာပါဆို။"

"အေးနော် အဲ့ဒါလည်းဟုတ်တယ်။ ဒါပေမဲ့... ဒါပေမဲ့ ဒီလိုလည်းရှိတာပဲလေ ရန်သူကိုချစ်မိခြင်းဆိုတာမျိုးရှိတယ်လေကွာ။"

"ရှိတယ်ဆိုရင်လည်း သူ့ရွေးချယ်မှုကို ငါတို့ကလက်ခံပေးရမှာလေကွာ။"

"အဲ့ဒီတော့ မင်းလည်းဒီတစ်ယောက်က တစ်ခတ်တင်ဆိုတာ လက်ခံတယ်ပေါ့။"

"ငါတွေ့တည်းကသိပြီးသား။"

သူငယ်ချင်းနှစ်ယောက်တိုးတိုး တိုးတိုးနှင့်ပြောနေတော့ တစ်ခတ်တင်တစ်ယောက် စိတ်ဝင်တစားဖြင့်ကြည့်နေလေသည်။ သူဘယ်လောက်ပဲ တစ်ခတ်တင်မဟုတ်ဘူးပြောပြော သူ့အမူအရာတွေကိုတော့ လိမ်လို့မရပေ။

"သမီးလေးရေ ညီမလေးကိုမချီနဲ့လေ ပြုတ်ကျလိမ့်မယ်။"

ရှင်းရဲ့အော်သံကြောင့် အကုန်လုံးက မြတ်ခင်းပြင်ပေါ်တွင်ဆော့နေကြသည့် ကလေးနှစ်ယောက်အား ကြည့်လိုက်ကြလေသည်။ ရှင်းရဲ့သမီးလေးက ဝီလျံဖီယတ်ရဲ့သမီးလေးကိုချီဖို့လုပ်နေတာကြောင့် မနည်းတားလိုက်ရသည်။

လွန်းကလည်း သမီးတို့ဆီသွားပြီးဆော့ကစားနေတာကြောင့် ရှင်းလည်းသွားပြီးဆော့လေသည်။

"အကိုကလေးတွေအနားသွားချင်ရင်သွား...."

မိုးထက်အေး စကားမဆုံးခင်မှာပဲ တစ်ခတ်တစ်ယောက် ကလေးတွေအနားရောက်သွားလေသည်။ ဝီလျံဖီယတ် ဖိတ်တုန်းကလည်း မသွားချင်တာကြောင့် ဟိုရွေ့ဒီရွေ့လုပ်ခဲ့ပေမဲ့ အကိုက အရမ်းသွားချင်နေတာကြောင့် လိုက်လျောပေးလိုက်ရသည်။ အကို့ရဲ့တည်ရှိမှုကို သူများတွေကိုမသိစေချင်သော်လည်း အကို့ကိုပိတ်လှောင်မထားချင်တော့တာကြောင့် သွားဖို့သဘောတူလိုက်ရသည်။ မဟုတ်ရင်လည်း ထမင်းမစားဘူး ဘာညာလုပ်ဦးမည်မလား။

မြတ်ခင်းပြင်ပေါ် ကလေးနှစ်ယောက်နှင့်အတူဆော့ကစားနေသည့် ကိုယ့်ရဲ့ပိုင်ဆိုင်ရာလေးတွေကိုကြည့်ရင်း သုံးယောက်သားပြုံးနေကြလေသည်။ လွန်းရဲ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ဖုန်းထုပ်ပြီး ဓာတ်ပုံရိုက်ဖို့ပြင်လိုက်သည့်အချိန် ကျန်တဲ့နှစ်ယောက်အား ကြည့်မိလိုက်သည်။ ကျန်တဲ့နှစ်ယောက်လည်း ဝီလျံလုပ်သလိုလုပ်နေသည်မို့ သုံးယောက်သားအကြည့်ချင်းဆုံပြီး ရီခဲ့ကြသည်။

"မိုးထက်အေး။"

ဝီလျံဖီယတ်နဲ့နေမင်းသခင်တို့နှစ်ယောက်လုံး တူညီစွာခေါ်လိုက်တာကြောင့် မိုးထက်အေးနှစ်ယောက်လုံးအား ကြည့်လိုက်လေသည်။ ထိုအချိန် နေမင်းသခင်က ဝီလျံဖီယတ်အား မော့ပြလိုက်တာကြောင့် ဝီလျံဖီယတ်က စကားဆိုလေသည်။

"ငါတို့သူငယ်ချင်းကို မင်းလက်ထဲသေချာထည့်လိုက်မယ်နော် ဘာကိစ္စပဲရှိခဲ့ ရှိခဲ့ တစ်ခတ်တင်ပျော်နေဖို့ကအရေးကြီးတယ်။"

ဝီလျံစကားအားမငြင်းဆိုဘဲ မိုးထက်အေးတစ်ယောက်လေးနက်စွာကြည့်ရင်းပြန်ပြောလေသည်။

"ကျွန်တော် အကို့အပေါ်မကောင်းတာတွေလုပ်ခဲ့မိတယ် ဒါပေမဲ့ အကိုတို့စိတ်ချပါ ကျွန်တော်အကို့ကိုစိတ်ညစ်အောင်မလုပ်ပါဘူး။"

"မင်းကတိတိပါစေကွာ။"

"လာလာ ဓာတ်ပုံရိုက်ကြမယ်။"

ကလေးတွေနဲ့ဆော့နေရာကနေ ပြန်လာကြပြီး တစ်ခတ်မှ ဓာတ်ပုံရိုက်ဖို့ပြောလာတာကြောင့် ဖုန်းအားထုတ်လိုက်ပြီး အဖွဲ့လိုက်ပုံရိုက်ခဲ့ကြတော့သည်။

.....................................ပြီး.............................

You've reached the end of published parts.

⏰ Last updated: Sep 14, 2023 ⏰

Add this story to your Library to get notified about new parts!

He's mine(completed)Where stories live. Discover now