Part 6

148 13 2
                                    

ခမ်းနားကြီးကျယ်လွန်းလှတဲ့ အိမ်ကြီးထဲတွင် မိသားစု၅ယောက်နဲ့ သူငယ်ချင်းတစ်စုဟာပျော်ရွှင်စွာ စကားပြောနေလေသည်။

"ငါတို့ရဲ့အလတ်လေးကတော့ လက်သွက်ချက်ပဲဟေ့။
နောက်ကားကတော့ ကျော်တတ်သွားပြီနော် ငါ့ကောင်ကြီး... မင်းပဲကျန်တော့တယ်။"

"ဟုတ်ပါ့ သားတို့ရဲ့သူငယ်ချင်းကိုလည်း ပြောကြပါဦး။"

ပါးပါးနဲ့ သူငယ်ချင်းတွေစကားလက်စုံကျနေပြီး အိမ်ထောင်ပြုဖို့တိုက်တွန်းနေတာကြောင့် သက်ပြင်းသာချနေမိသည်။

"ငါအလုပ်ထဲပဲ စိတ်နှစ်ထားချင်လို့ပါ။"

"အဲ့ဒါနဲ့ပဲ ၃၀ပြည့်တော့မယ်။"

"ကျွန်တော့်အကြောင်း ခနထားပါဦး အလတ်ကောင်နဲ့သူ့ကောင်မလေးက ဘယ်လိုသိကြတာလည်း။"

"ကျောင်းမှာတွေ့တာလေ။ ကျွန်တော့်ကောင်မလေးက တစ်ကျောင်းလုံးမှာအချောဆုံးဗျ.........။"

"သူဌေးဧည့်သည်ရောက်နေတယ် အကိုလေး ဝီလျံဖီယတ်နဲ့တွေ့ချင်လို့တဲ့။"

အလတ်ကောင်ရဲ့စကားကိုနားထောင်နေသည့်အချိန် ခြံစောင့်ကအကြောင်းကြားတာကြောင့် အကုန်လုံးက ဝီလျံမျက်နှာကိုကြည့်လာကြသည်။

"ဘယ်သူတဲ့လည်း။"

"အက်ရှ်လေလို့ပြောပါတယ်ဗျ။"

အတန်တန်သတိပေးထားသည့်ကြားက မိသားစုတွေရှိတဲ့နေရာကို အရောက်လာတဲ့တစ်ယောက်ကြောင့် စိတ်ရှုပ်သွားရသည်။

"ငါလာခဲ့မယ်။"

မိဘတွေနဲ့မတွေ့စေချင်တာကြောင့် အပြင်ထွက်ဖို့ပြင်နေသည့်အချိန် ပါးပါးစကားကြောင့် ခြေလှမ်းတွေ ရပ်တန့်မိလိုက်သည်။

"အက်ရှ်လေဆိုတာ ကမ္ဘာကျော်အဆိုတော်မလား။ အငယ်လေးရဲ့ဆုတောင်းတွေတော့ပြည့်တော့မှာပဲ။"

ပါးပါးစကားကြောင့် အငယ်လေးကိုကြည့်လိုက်တော့ အငယ်လေးမျက်လုံးတွေက တောက်ပလို့နေသည်။ ကိုယ့်ညီမရဲ့အကြိုက်တွေကိုတောင် မသိတော့တာ ဘယ်လောက်ကြာခဲ့ပြီလည်း။ ကိုယ့်ကိစ္စတွေကိုဦးစားပေးလွန်းပြီး အငယ်လေးကိုပြစ်ထားမိတာလည်းများနေပြီးမို့ စိတ်ကိုပြန်ပြင်လိုက်ပြီး အက်ရှ်လေကို အိမ်ထဲဝင်ခိုင်းလိုက်သည်။

He's mine(completed)Where stories live. Discover now