Part 14

143 14 2
                                    

လွန်းနဲ့ပတ်သတ်လာရင် အလျော့မပေးချင်တဲ့စိတ်ကြောင့် ခတ်တော့ခတ်သား။ ဟန်သာသိတတ်စအရွယ်ထဲက လွန်းအပေါ်သံယောဇဉ်ရှိခဲ့သည်။ ဟန်သာနိုင်ငံခြားမသွားခင် လွန်းနဲ့ပြန်ဆုံတဲ့အခါမှာတော့ သံယောဇဉ်မဟုတ်ဘဲ အချစ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။ သိနေသော်လည်း လွန်းအနားရှိမနေနိုင်တာကြောင့် ခံစားချက်တွေကိုမျိုသိပ်ခဲ့သည်။ ပညာစုံလို့ ပြန်လာတဲ့အချိန်ကျရင်တော့ သေချာပေါက်ဖွင့်ပြောမယ်ဆိုတဲ့စိတ်နဲ့အားတင်းခဲ့သည်။

နှစ်အနည်းငယ်ကြာပြီး မြန်မာနိုင်ငံပြန်ရောက်တဲ့အခါမှာတော့ လွန်းရဲ့သတင်းကိုမကြားရတော့။ သတင်းအစအနဖြစ်နိုင်တဲ့အန်တီကွယ်လွန်သွားတာတောင် အချိန်တစ်ခုရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာတော့ မျှော်လင့်ချက်တွေမဲ့သွားရသည်။ ဒါပေမဲ့လည်းအရှုံးမပေးချင် တစ်နေ့နေ့တစ်ချိန်ချိန်တော့ ဒီနေရာကိုပြန်လာမယ်ဆိုတာ သိနေတာမို့ ပခုက္ကူမှာပဲအလုပ်လုပ်ခဲ့သည်။ ဆေးရုံမှာအလုပ်လုပ်ရင်း လွန်းအကြောင်း၂၄နာရီမတွေးဖြစ်သော်လည်း တိုက်ဆိုင်မှုတွေရှိလာရင်သတိရမိသည်။

ဒီလိုပဲဖြတ်သန်းရင်တစ်နေ့ ဂျူတီချိန်မို့ပုံမှန်အတိုင်းအလုပ်လုပ်နေသည့်အချိန် အရေးပေါ်ဆိုပြီးလူနာတစ်ယောက်ရောက်လို့လာသည်။ ဆေးရုံးကားပေါ်ကနေချလိုက်သည့်အချိန် မြင်လိုက်ရတဲ့မြင်ကွင်းကိုမယုံနိုင်ဖြစ်မိသည်။ စိတ်ပဲစွဲနေလို့လားမသိ ဒီလူနာကလွန်းနဲ့တော်တော်တူတယ်ဆိုပြီး ကြည့်နေမိသည်။ လူနာရဲ့အချက်အလက်တွေကိုသိလိုက်ရတဲ့အချိန်မှာတော့ လွန်းဆိုတာသေချာသွားတော့သည်။ မတွေ့ရတာအတော်ကြာပြီးမို့ ရုပ်ရည်ကအတော်လေးပြောင်းလဲသွားသည်။ ရုတ်တရတ်ကြည့်ရင် မိန်းကလေးတစ်ယောက်လိုထင်ရလောက်သည်အထိလှလာခြင်းဖြစ်သည်။

တစ်ချိန်ကျရင်သေချာပေါက်ပြန်လာမယ်ဆိုပြီး မျှော်လင့်ထားပေမဲ့ ဒီလိုအရေးပေါ်အနေနဲ့ရောက်လာမယ်လို့တော့ မမျှော်လင့်ခဲ့။ လိုအပ်တာတွေလုပ်ပေးပြီးတာနဲ့ ဂျူတီချိန်ကိုတောင်မေ့ပြီး လွန်းအနားမှာသာကပ်နေမိသည်။ လွန်းသတိရလာတော့လည်းအခြေအနေမကောင်းတာကြောင့် အချိန်တစ်ခုထိဆွဲပြီးမှဖွင့်ပြောမယ်လို့တွေးခဲ့သည်။ ထိုသို့တွေးနေချိန် ဝီလျံဖီယတ်ဆိုတဲ့ကောင်ကြောင့်ဝေးရပြန်သည်။

He's mine(completed)Where stories live. Discover now