Part 24

118 9 1
                                    

ဟိုတစ်ခါအဖြစ်အပျတ်ပြီးတည်းက ရှင်းမိမိအပေါ်ဆက်ဆံပုံတွေက ပိုပြီးတင်းမာလို့လာသည်။ အမှားလုပ်ခဲ့တာမှန်ပေမဲ့ ရှင်းကိုတစ်ခြားသူနဲ့တွဲမြင်လိုက်ရတဲ့အချိန် မျက်လုံးထဲမည်သည့်အရာကိုမှမမြင်တော့။ ရှင်းခွင့်လွှတ်အောင် ပြန်လက်ခံလာအောင် တစ်ဖြည်းဖြည်းနဲ့ကြိုးစားယူမယ်လို့တွေးထားတာတွေက သဲထဲရေသွန်နေသလိုမျိုးဖြစ်အောင် လုပ်ခဲ့မိသည်။ ဘယ်လိုကြိုးစားမှ ရှင်းရဲ့နှလုံးသားကိုပြန်ရမယ်ဆိုတာ မသိတော့ပေ။ သေချာတာတစ်ခုကတော့ ရှင်းကိုဘယ်တော့မှလက်လွှတ်ဆုံးရှုံးခံမည်မဟုတ်။

တစ်နေ့ အိမ်ပြန်လာသည့်အချိန် သမီးလေးနဲ့အတူဇာတ်ကားကြည့်နေတဲ့ရှင်းကိုတွေ့လိုက်ရသည်။ ရှင်းကိုအရင်တုန်းကလိုထိတွ့ချင်ပေမဲ့ မိမိလုပ်ထားတဲ့အပြစ်ကြောင့် ထိတွေ့ခွင့်မရှိတော့။ အဖြစ်က ယုန်သူငယ်လေးကို အနီးကပ်ဆုံးနေရာမှာတွေ့နေရဲ့နဲ့ စားသုံးခွင့်မရှိသည့် သားရဲတစ်ကောင်လိုဖြစ်နေရသည်။ အခုတော့ အခွင့်အရေးကပေးနေတာမို့ အပေါ်မတတ်ဘဲ ရှင်းနဲ့သမီးလေးရှိနေသည့်ဆိုဖာပေါ်ထိုင်လိုက်သည်။

"ရှင်းနဲ့သမီးလေးက ဒီကားကြည့်နေတာလား။"

ပြောရင်းနဲ့ ရှင်းရင်ခွင်ထဲခေါင်းမှီချလိုက်သည်။ ပြီးတာနဲ့သမီးလေးခေါင်းလေးကို ဖြည်းညင်းစွာပွတ်သပ်ပေးလိုက်မိသည်။ ရှင်းရဲ့မျက်ဝန်းတွေကိုကြည့်လိုက်တော့ "ငါ့အပေါ်ကနေ ချက်ချင်းဖယ်"ဆိုတဲ့မျက်နှာပေးမျိုးလုပ်နေလေသည်။ ထိုမျက်ဝန်းတွေကိုမကြည့်ချင်တာကြောင့် မသိချင်ယောင်ဆောင်ပြီး ဇာတ်ကားကိုသာကြည့်ခဲ့သည်။ အချိန်တစ်ခုထိနေပြီးသည်နှင့် သမီးလေးအိပ်ချိန်ဆိုပြီး မိမိအားဖယ်ထုတ်ပြီး သမီးလေးကိုအခန်းထဲသွားပို့လေသည်။ အပေါ်ထပ်ရောက်တာနဲ့ အပြောခံရတော့မယ်ဆိုတာ သိတာမို့ အပေါ်ထပ်ကိုအလျင်စလိုတတ်ပြီး ရေချိုးခဲ့သည်။ ရေချိုးခန်းထဲကထွက်လိုက်တဲ့အချိန်မှာတော့ ရှင်းတစ်ယောက် ဆိုဖာပေါ်ထိုင်ပြီး ဒေါသထွက်နေသည့်အကြည့်ဖြင့် ကြည့်လာလေသည်။

"နောက်တစ်ခါ ငါ့အသားကိုမထိတွေ့ပါနဲ့ နေမင်းသခင်။"

"ဘာလို့လည်း ရှင်းပြောတော့ သမီးလေးရှေ့အရင်လိုနေလို့ရတယ်ဆို။ ကိုယ်လုပ်တဲ့ထဲအမှားပါသွားလို့လား။"

He's mine(completed)Where stories live. Discover now