U 3

832 102 31
                                    

Unicode & Zawgyi

Unicode

"ချာတိတ်.....ကိုယ့်ဆီခဏလောက်"

နေ့လယ်ခင်းတစ်ဖြတ်နားအပြီး ပြန်ဖွင့်ခါနီးနေတဲ့ကော်ဖီဆိုင်လေးရဲ့ ထိုင်ခုံတွေကိုသန့်ရှင်းရေးလုပ်နေတုန်း အနောက်ကနေလှမ်းခေါ်လိုက်တဲ့အသံကြောင့် မနည်းတဲ့အရှိန်နဲ့ ဆိုင်ရဲ့အနောက်ဘက်ဖက်ကိုပြေးထွက်သွားလိုက်တော့ နှင်းဆီပန်းနှစ်ပွင့်ကိုကိုင်ထားတဲ့ လူကြီးဟာ ဘေစင်နားမှာရပ်နေလေသည်။ဒီနေ့တော့ရိုးရိုးရှပ်အဖြူရောင်လေးနဲ့ ကာကီရောင်ဂျင်းလေးကိုတွဲဝတ်ထားတဲ့လူကြီးဟာ အသက်သုံးဆယ့်ရှစ်နှစ်လို့မထင်ရလောက်အောင်အထိ နုပျိုနေတာပင်။အနားကိုသွားရပ်လိုက်တော့ ဘေစင်ထဲမှာထည့်ထားတဲ့ပန်းအိုးတွေကို မေးငေါ့ပြတာမို့ ထိုပန်းအိုးတွေအား ဂရုတစိုက်နဲ့ရေဆေးပေးလိုက်သည်။ပန်းအိုးတွေရေဆေးပေးပြီးနောက်မှာ ထိုအိုးတွေကိုအဝတ်နဲ့သုတ်နေတုန်း စကားစလာတဲ့လူကြီး။

"စာတွေလိုက်နိုင်ရဲ့လားချာတိတ်"

ချိုသာနေတဲ့ဉီးရဲ့အသံလေးက ရင်ကိုတစ်လှပ်လှပ်တုန်လာတာမို့ လက်ထဲကပန်းအိုးလေးလွတ်မကျသွားစေဖို့ အစွမ်းကုန်ထိန်းထားလိုက်ရသည်။မနေ့တုန်းကတွေ့ဆုံခဲ့ပေမယ့် ဒီနေ့မှစပြီး အလုပ်ဆင်းရတဲ့ဂျောင်ကုအတွက် 'ချာတိတ်'ဆိုတဲ့နာမ်စားလေးဟာ နှလုံးသားကိုဝုန်းဒိုင်းကြဲစေတဲ့အထိ အင်အားပြင်းလွန်းလှတာပင်။အတူအလုပ်ဆင်းတာချင်းအတူတူ ဘောမ်ဂယူကိုတော့ နာမည်အရင်းကိုသာခေါ်တဲ့ဉီးဟာ ဂျောင်ကုကိုတော့ 'ချာတိတ်'ဟု ထူးထူးခြားခြားခေါ်ဆိုခဲ့တာပင်။

"ဟုတ်.....ဉီး"

"အင်း.....စာကြိုးစားကြနော်.....တက္ကသိုလ်ဝင်တန်းဆိုတော့......နောက်နှစ်ကိုတက္ကသိုလ်ကျောင်းသားကြီးဖြစ်အောင်ကြိုးစားကြ"

ထိုစကားအပေါ်မှာ ကျေနပ်ကြည်နူးစွာယစ်မူးနေတုန်း အနားတိုးကပ်လာတဲ့ဉီးကြောင့် ခန္ဓာကိုယ်လေးဟာ ရုတ်တရက်ကျုံ့ဝင်သွားသလို မူမမှန်တော့တဲ့ရင်ခုန်သံတွေဟာ မညီမညာနဲ့ ကျယ်လောင်စွာထွက်ကျလာတာမို့ အနားကပ်နေတဲ့ဉီးကြားသွားမှာကို စိုးရိမ်နေရပါသည်။ဘေစင်ပေါ်မှာတင်ထားမိတဲ့ ပန်းအိုးလေးကိုလှမ်းယူနေတဲ့ ဉီးရဲ့လက်ချောင်းဖြူသွယ်သွယ်လေးတွေကိုငေးရင်း ဒီလက်ချောင်းတွေကြားထဲမှာ နေရာယူထားတတ်တဲ့စီးကရက်တွေကိုပါ မဆီမဆိုင်သဝန်လာတဲ့အခါ ရူးနှမ်းလိုက်လေခြင်းရယ်လို့လည်း ကိုယ့်ကိုကိုယ်မရီချင်မိတော့ပါ။ဉီးရဲ့စီးကရက်ခဲနေတဲ့ပုံစံကို မွေးနေ့ညကသာမြင်ခဲ့ဖူးပေမယ့် မေ့မရအောင်အထိ နှလုံးသားထဲမှာစွဲထင်သွားတဲ့အခါ ရုပ်ရှင်မင်းသားတွေစီးကရက်သောက်တာကတောင် ဉီးလောက်ကြည့်မကောင်းဘူးလို့ ထင်မိတဲ့အထိ ဉီးရောဂါဟာ ဂျောင်ကုခန္ဓာကိုယ်ကို တစ်မြေ့မြေ့တိုက်စားနေခဲ့ပါပြီ။

THE FIRST LOVES ||JINKOOK|| [Completed]Место, где живут истории. Откройте их для себя