U 29

690 99 81
                                    

Unicode & Zawgyi

Unicode

တစ်ပတ်။ကလေးလေးပြန်မလာခဲ့သည်မှာ တစ်ပတ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။အသည်းကွဲနာကျလို့ အိမ်ထဲကအိမ်​ပြင်မထွက်ဘဲ အရက်တွေချည်းထိုင်သောက်နေရအောင်လည်း ဆယ်ကျော်သက်အရွယ်နုနုငယ်ငယ်မဟုတ်လေတော့ ရင်ထဲကအပူကိုမျက်နှာကိုလာမဟပ်စေဘဲ ဟန်မပြတ်အလုပ်တက်နေခဲ့ရသည်မှာလည်းတစ်ပတ်။ဒီနေ့တော့ရုံးမှာထွေထွေထူးထူးလုပ်စရာရှိမနေသဖြင့် မသွားတော့ဘူးလို့တွေးလိုက်ပြီး အိမ်မှာပဲသက်သောင့်သက်သာလေးနဲ့ ကလေးလေးကိုလွမ်းရန်ပြင်လိုက်သည်။ကလေးစိတ်လေးနဲ့ပေမို့ သွေးပူနေတုန်းအခိုက်အတန့်မှာ မဆက်သွယ်တာအကောင်းဆုံးဖြစ်မည်ဟုတွေးထားတာမို့ ဖုန်းလည်းမဆက်မိသလို စာလည်းမပို့မိ။ဒီနေ့တော့ ခါတိုင်းထက်ပိုပြီးပြင်းပြတဲ့အလွမ်းဒဏ်ကိုခံနေရတဲ့အပြင် စိတ်ထဲကပါလေးလံထိုင်းမှိုင်းနေတာမို့ ကော်ဖီခါးခါးတစ်ခွက်ဖျော်လိုက်ကာ ​ဆိုဖာရှေ့မှာထိုင်ရင်း ရောက်တက်ရာရာTVအစီအစဉ်တွေကိုလိုက်ကြည့်နေမိသည်။သို့သော် လူကိုဘာဖြစ်စေနေမှန်းမသိတဲ့ထိုTVဟာ ကလေးလေးကြိုက်တဲ့ဇာတ်ကားတွေ၊ ကလေးလေးကြိုက်တဲ့သီချင်းတွေနဲ့ ကလေးလေးကြိုက်တဲ့idolတွေအကြောင်းသာသီးသန့်လွှင့်နေသလားထင်ရတာမို့ ပိုသိပ်သည်းလာတဲ့အလွမ်းဒဏ်ကိုမခံနိုင်တော့ပေ။ဒါကြောင့် မတ်တပ်ထရပ်ကာ မနက်ကတည်းကပစ်ထားခဲ့တဲ့ဖုန်းကိုလိုက်ရှာရတော့သည်။ကလေးလေးအသံလေးကြားလိုက်ရရင်ကို အလွမ်းပြေမယ်ထင်ရဲ့။

သို့သော် အိပ်ခန်းထဲကိုဝင်ကာ ဖုန်းသွားယူမယ်ပြင်နေတဲ့ဆော့ဂျင်ရဲ့ခြေလှမ်းတွေဟာ အိမ်ပေါ်ကိုတက်လာတဲ့အရိပ်လေးကြောင့်ရပ်တန့်သွားပြီး လှမ်းကြည့်လိုက်တော့ သိပ်လွမ်းနေခဲ့ရတဲ့ကလေးလေးဟာ သူနဲ့သိပ်လိုက်ဖက်တဲ့ဂျင်းဝမ်းဆက်လေးကိုဝတ်ဆင်ထားခဲ့တာပင်။ကိုယ်လုံးနွေးနွေးလေးကိုထိတွေ့ဖို့ စက္ကန့်ဝက်မျှတောင်မစောင့်နိုင်တော့ဘူးမို့ အနားကိုအပြေးသွားလိုက်သော်လည်း ပွေ့ဖက်လုဆဲဆဲဆော့ဂျင်ရဲ့လက်တွေကနေမသိမသာရုန်းထွက်သွားတာမို့ အလိုက်သိစွာနဲ့ သူ့ဘေးမှာခပ်ခွာခွာလေးရပ်ပေးလိုက်သည်။ဆော့ဂျင်ဘေးကနေအသာရို့ကာ အိပ်ခန်းထဲဝင်သွားတဲ့ကလေးလေးဟာ ခံစားချက်တွေမပျောက်သေးဘူးထင်သည်။တည်တည်တံ့တံမျက်နှာပေးလေးနဲ့ ဝမ်းနည်းရိပ်တွေစွန်းထင်းနေတဲ့မျက်ဝန်းလေးတွေက ခါတိုင်းကဲ့သို့ကြည်စင်မနေဘဲမှိုင်းညှို့နေတာမို့ ဆော့ဂျင်မှာစိတ်မကောင်းဖြစ်သွားရသည်။ကလေးလေးတကယ်ပင်ပန်းနေခဲ့တာပဲ။တကယ်တော့ ကလေးမရှိတဲ့ရက်တွေအတွင်းမှာ ဒီအိမ်ထောင်ရေးအကြောင်းအထပ်ထပ်ပြန်လည်သုံးသပ်မိခဲ့ပါသည်။

THE FIRST LOVES ||JINKOOK|| [Completed]Where stories live. Discover now