U 24

581 94 25
                                    

Unicode & Zawgyi

Unicode

"မင်းငါ့ကိုနည်းနည်းလေးတောင်သဝန်မတိုဘူးလား"

ကျောင်းဆင်းကတည်းကဖြစ်နေတဲ့ပြသနာကို တစ်ယောက်တည်းကျိတ်မှိတ်သည်းခံပြီး ကျော်လွှားသွားဖို့စဉ်းစားပေမယ့်လည်း တစ်ခုခုမှထုတ်မပြောလိုက်ရရင် ပန်းကန်ထဲထည့်ထားတဲ့စပါကတီတွေကိုတောင်မမျိုချနိုင်တော့တဲ့အထိရင်တွေပြည့်နေတာမို့ ပေါ်တင်ထုတ်မေးလိုက်ရခြင်းဖြစ်သည်။နှစ်ယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်ညစာစားနေရင်းကနေ ထမေးလိုက်တဲ့ဘောမ်ဂယူရဲ့အမေးကို ဘာတွေလာပြောနေတာလဲဆိုတဲ့အကြည့်နဲ့သာတုံ့ပြန်လာတဲ့ထယ်ဟျောင်းဟာ ဘေးမှာချထားတဲ့ဝိုင်နီကိုကောက်မော့လေသည်။ဝတ်ထားတဲ့ဆွယ်တာအနက်ရောင်ကို တံတောင်ဆစ်အထိတွန်းတင်ထားတာမို့ မြင်နေရတဲ့သွေးကြောစိမ်းတွေယှက်ဖျာနေတဲ့လက်ဖျံနဲ့ ဝိုင်နီခွက်ကိုကိုင်ကာ တစ်ကျိုက်တည်းမော့လိုက်ပုံက ခပ်ဟော့ဟော့ဒီဇိုင်းဖြစ်ပေမယ့် အခုအချိန်မှာတော့ကိုယ့်ရည်းစားကိုယ်ငမ်းကြောပြန်မထနိုင်သေးပါ။သူ့ကိုစိတ်ဆိုးနေသေးသည်လေ။

"မဟုတ်သေးပါဘူး.......သူများတွေဆိုကိုယ့်ချစ်သူကိုနောက်တစ်ယောက်ရည်းစားစာလိုက်ပေးရင် သဝန်တိုပြီးမဏ္ဍန်တိုင်တက်ပြတာတော့ဘာတို့လုပ်တယ်လေ......ဂန်ထယ်ဟျောင်းမင်းကတော့သွေးပဲ​အေးလွန်းတာလား.......ငါ့ကိုနည်းနည်းပါးပါးတောင်သဝန်မှုမရှိတာလားတကယ်မသိတော့ဘူး"

"ဘာကိုသဝန်တိုရမှာလဲ......အသားချင်းလည်းမထိဘဲဲဒီအတိုင်းရပ်စကားပြောနေတဲ့ဟာကို"

"သူငါ့ကိုပေးနေတာဘုရားစာမဟုတ်ဘူး......ရည်းစားစာကွ......ရည်းစားစာ"

"ကိုယ်မင်းကိုယုံတယ်လေ.......ပြီးတော့မင်းကိုယ့်ပုံကိုထုတ်ပြလိုက်ပြီးချစ်သူရှိပါတယ်လို့ပြောတယ်လေ ဖြစ်ရပ်အစအဆုံးမြင်နေရတာကို ကိုယ်ကဘယ်နေရာမှာသဝန်တိုရမှာလဲ.......အကယ်၍ကိုယ်သာဖြစ်ရပ်ကိုအစအဆုံးမမြင်ဘဲ မင်းကိုရည်းစားစာပေးနေတဲ့အပိုင်းလေးကိုပဲမြင်မယ်ဆိုရင်တော့ ကိုယ်သဝန်တိုကောင်းတိုနိုင်ပါတယ်"

THE FIRST LOVES ||JINKOOK|| [Completed]Donde viven las historias. Descúbrelo ahora