Unicode & Zawgyi
Unicode
အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်ဟာ ဘောမ်ဂယူရဲ့စိတ်အခြေအနေအတိုင်း ဘယ်လိုကြည့်ကြည့်လှပမနေ။ခါတိုင်းမီးတွေထိန်လင်းနေတဲ့အိမ်ပြန်လမ်းက ဒီနေ့မှမှောင်နေသလိုခံစားရတာမို့မော့ကြည့်မိတော့လည်း ခါတိုင်းနေ့တွေတုန်းကလိုတစ်လုံးမကျန်လင်းနေဆဲပင်။သို့သော် ဘောမ်ဂယူမျက်လုံးထဲမှာတော့ မှောင်မိုက်ကာအထီးကျန်ဆန်နေဆဲ။ဒီနေ့တစ်နေ့လုံးဆေးရုံမှာပြေးလွှားခဲ့ရတာမို့ ခန္ဓာကိုယ်ကပင်ပန်းနေပေမယ့် ညစ်ညူးနေတဲ့စိတ်အစုံကိုခဏလောက်ဖြစ်ဖြစ်အနားပေးချင်တာမို့ လမ်းလျှောက်ပြန်လာခဲ့သော်ငြား ပိုလို့ဆိုးလာတာသာအဖတ်တင်သည်။မှောင်မဲပြီး မိုးဓာတ်တွေပြည့်နေတဲ့တိမ်လိပ်တွေက ဘောမ်ဂယူကိုငိုပါ၊ငိုပါနဲ့မြှောက်ပေးနေသလိုပင်။ဒါကြောင့် ခြေလှမ်းတွေကိုခပ်သွက်သွက်လှမ်းကာ အိမ်ကိုအမြန်ရောက်အောင်ပြေးရတော့သည်။ငိုချင်နေပေမယ့် ရှက်စရာကောင်းလောက်အောင်တော့ လမ်းမကြီးပေါ်မှာထိုင်ငိုမနေချင်တာမို့ အိမ်ကိုအရင်အမြန်ပြန်ရပါလိမ့်မည်။
Breakမယ်လို့ပြောလိုက်မိတာကို အတည်ကြီးမှတ်ယူကာ လူကိုပစ်ထားတဲ့ဂန်ထယ်ဟျောင်းကိုလည်းစိတ်ဆိုးပါသည်။တကယ်ဆိုဖုန်းတွေဆက်တိုက်ခေါ်ပြီး လူကိုစိတ်ပြေအောင်ချော့မယ်မရှိဘဲ ဘောမ်ဂယူဖုန်းချလိုက်ကတည်းက ပြန်လည်ခေါ်ဆိုလာခြင်းမရှိတော့တဲ့အပြင် နောက်ရက်တွေလည်းဆက်သွယ်လာခြင်းမရှိတာမို့ ဘောမ်ဂယူမှာဆိုးချင်သည့်စိတ်ကတစ်ဖက်၊ ဝမ်းနည်းသည့်စိတ်ကတစ်ဖက်နဲ့ ဒီရက်တွေထဲမှာလုံးဝအဆင်ပြေမနေ။အမြဲတမ်းအယောင်ယောင်အမှားမှားနဲ့စိတ်နဲ့လူနဲ့လည်းမကပ်။အားနေရင်းသင်းကိုလွမ်းနေမိမှာဆိုးလို့တောင် သူများရဲ့ဂျူတီချိန်တွေကိုပါအစားယူပြီးအလုပ်တွေဖိလုပ်နေခဲ့သော်လည်း 'ဒီနေ့မှအိမ်မပြန်ရင်မင်းကိုငါအိပ်ဆေးထိုးပြီးကုတင်ပေါ်မှာကြိုးချည်ထားတော့မယ်'ဆိုပြီး ခြိမ်းခြောက်လာတဲ့ဌာနမှူးကြောင့်အိမ်ပြန်ခဲ့ရတဲ့အပြင် အရမ်းတွေကိုမှစိတ်ထားပြည့်ဝတဲ့လုပ်ဖော်ကိုင်ဖက်တွေကဂျူတီချိန်တွေပြန်ဖြည့်ပေးတာမို့ မနက်ဖြန်တစ်ရက်လုံးအားနေတော့မှာပင်။အချိန်လေးနည်းနည်းအားရင် သင်းကိုပဲထိုင်လွမ်းရင်းမှိုင်နေမယ့်ကိုယ့်အကြောင်းကိုယ်သိတာမို့ မနက်ဖြန်ဂျွန်ဆော့လေးကိုတစ်နေကုန်ခေါ်ထားလိုက်ပြီး ကလေးထိန်းနေလိုက်မယ်လို့တွေးကာ သော့ဖွင့်ပြီးအိမ်ထဲဝင်လိုက်တော့သည်။
KAMU SEDANG MEMBACA
THE FIRST LOVES ||JINKOOK|| [Completed]