U 10

716 93 29
                                    

Unicode & Zawgyi

Unicode

အချိန်တွေဘယ်လိုရွေ့လျားနေသလဲ မသိတော့တဲ့အထိ အသိစိတ်တွေကင်းကွာနေခဲ့တဲ့ဂျောင်ကုနှိုးထလာချိန်ဟာ ညစာစားချိန်လောက်တွင်ဖြစ်သည်။မှန်နံရံကနေတစ်ဆင့် ဖြတ်သန်းမြင်နေရတဲ့ဆိုးလ်မြို့ရဲ့ညရှူခင်းဟာ သိပ်ကိုမှလှပလွန်းသည်။ဒီကွန်ဒိုလေးဟာ မှတ်မှတ်ရရ သူ့ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့မှာ ဖေဖေကိုယ်တိုင်ဝယ်ပေးခဲ့တဲ့ မွေးန့လက်ဆောင်လေးဖြစ်သည်။ဒါကြောင့် ဒီနေရာလေးဟာ ဂျောင်ကုအတွက်ကတော့ အိမ်ရဲ့အဓိပ္ပါယ်အစစ်အမှန်ကို ရှာဖွေနိုင်တဲ့နေရာလေးလည်းဖြစ်သည်။အနည်းငယ်ကိုက်ခဲနေတဲ့ခေါင်းအား အသာဖိကာ ခြောက်ကပ်နေတဲ့လည်ချောင်းအတွက် ရေအနည်းငယ်ယူရန် Night Standပေါ်ကို လက်လှမ်းလိုက်တဲ့အချိန် တံခါးဖွင့်သံနဲ့အတူဝင်လာတဲ့ဉီး။ဆင်စွယ်ရောင်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်ထားပြီး လင်ဗန်းတစ်ခုကိုင်ကာ လမ်းလျှောက်လာတဲ့ဉီးရဲ့ပုံစံဟာ သိပ်တော့မထူးခြားပေမဲ့ ဂျောင်ကုနှလုံးသားလေးကတော့ မြေငလျင်ဒဏ်ကိုခံစားနေရသူပမာ လှုပ်ခါရမ်းသွားသည်မှာ ပြိုပျက်မတတ်။

ဘာလိုချင်နေတာကိုသိပုံရတဲ့ဉီးဟာ လက်ထဲကိုင်ထားတဲ့လင်ဗန်းကို Night Standပေါ်တင်ကာ ကရားထဲကရေအနည်းငယ်ကို ဖန်ခွက်ထဲငှဲ့ကာ ဂျောင်ကုအားကမ်းပေးလေသည်။ရေအနည်းငယ်သောက်လိုက်တော့မှ စိုစွတ်သွားတဲ့လည်ချောင်းကြောင့် ချောင်းဟန့်လိုက်တော့ လင်ဗန်းထဲက စွပ်ပြုတ်တစ်ပန်းကန်ကိုကမ်းပေးလာတဲ့ဉီး။

"သောက်လိုက်ချာတိတ်.......ဆေးသောက်ရမှာမို့မင်းမှာအစာခံရှိနေမှရမယ်"

ငယ်ငယ်တုန်းက နေမကောင်းဖြစ်တိုင်း မေမေပြုတ်ပေးနေကြ ကြက်သားစွပ်ပြုတ်လေးကို သတိရမိသွားတာကြောင့် မျက်ရည်တွေအိုင်ထွန်းလာတော့ ဉီးမမြင်ရလေအောင် ခေါင်းကိုငုံ့ချပစ်လိုက်ကာ စွပ်ပြုတ်ပန်းကန်ကိုပဲ မွှေနှောက်နေလိုက်မိသည်။တစ်ဖြေးဖြေးနဲ့စိမ့်အိုင်လာတဲ့မျက်ရည်တွေကြောင့် စွပ်ပြုတ်ပန်းကန်ဟာလည်း ခပ်ဝါးဝါးရယ်နဲ့သာ။ထိုအချိန်မှာပဲ သက်ပြင်းချသံသဲ့သဲ့နဲ့အတူ ဂျောင်ကုလက်ထဲကကြွေပန်းကန်လုံးကို ဆွဲယူသွားတဲ့ဉီးကြောင့် မျက်ရည်တွေအပြည့်နဲ့ဂျောင်ကုမျက်လုံးလေးတွေဟာ ဝိုင်းကနဲ။စွပ်ပြုတ်ပန်းကန်ကိုအသာမွှေကာ လေမှုတ်ပေးနေတဲ့ဉီးဟာ သောက်လို့ရတဲ့အနေအထားကိုရောက်မှ တစ်ဇွန်းမပြည့်တစ်ပြည့်ခပ်ကာ ဂျောင်ကုပါးစပ်နားတေ့ပေးလာတာမို့ ​ယောင်တောင်တာင်နဲ့မြိုချလိုက်မိသည်။

THE FIRST LOVES ||JINKOOK|| [Completed]Waar verhalen tot leven komen. Ontdek het nu