U 9

573 88 24
                                    

Unicode & Zawgyi

Unicode

မိုးရေစက်လေးများ တစ်ဖွဲဖွဲရွာသွန်းနေသောဤနေရာ။တိတ်ဆိတ်လှတဲ့ပတ်ဝန်းကျင်မှာ မိုးရေစက်သံများကလွဲ၍ အရာရာဟာ ပကတိတိတ်ဆိတ်ခြင်းအပြည့်နှင့်။ဟိုတစ်စ၊ ဒီတစ်စစိုက်ပျိုးထားတဲ့ ထင်းရှူးပင်အိုတွေရဲ့ အဖျားတွေမှာတွဲလွဲခိုနေတဲ့မိုးရေစက်လေးများဟာ မြက်ခင်းစိမ်းစိမ်းလေးပေါ် နားခိုသွားပြီး ထိုရေမှုန်လေးများအား မညှာမတာတက်နင်းလိုက်တဲ့ လယ်သာရှူးဖိနပ်တစ်ရံ။အနက်ရောင်ရှပ်လက်ရှည်ကို လက်တံတောင်ထိခေါက်တင်ကာ ဝတ်ဆင်ထားပြီး အနက်ရောင်ဘောင်းဘီနဲ့ထိုလူဟာ မိုးရေစက်တွေအား ထီးအနက်ရောင်ဖြင့်ကာကွယ်ပြီး ထာဝရအိပ်စက်ခြင်းတို့ရှိရာဆီကို တစ်လှမ်းချင်းဆီလျှောက်လာပုံမှာ ပြိုကွဲခြင်းနှင့် ခံပြင်းခြင်းတို့ရဲ့ ပြယုဒ်တစ်ခုကဲ့သို့။တစ်နေရာအရောက်မှာတော့ ခြေလှမ်းတွေရပ်ပစ်လိုက်ကာ လက်ထဲကကိုင်လာတဲ့ပန်းအဖြူစည်းလေးအား အရှေ့မှာမြင်နေရတဲ့အုတ်ဂုတ်လေးပေါ်သို့ သိမ်မွေ့စွာတင်လိုက်ရင်း ဝတ်ထားတဲ့နေကာမျက်မှန်ကိုဆွဲချွတ်ကာ ရင်ဘတ်မှာချိတ်တွယ်ထားလိုက်သည်။

"အဲ့ဘက်မှာအဆင်ပြေနေရဲ့လားဖေဖေ"

တိုးတိတ်ညှင်သာတဲ့အသံလေးဟာ မိုးရေစက်များအား ထိုးဖောက်သွားနိုင်လောက်တဲ့အထိ ခွန်အားကြီးမားနေခဲ့သော်လည်း အုတ်ဂူထဲမှာလှဲလျောင်းနေသူကတော့ မကြားနိုင်တော့သည့်ဟန်ဖြင့် တိတ်ဆိတ်စွာလှဲလျောင်းလျှက်။

"ဖေဖေသိလား.......မေမေကအဲ့ဒီပန်းချီကားအတွက်ဆိုရင်အခုထိအသက်ပေးကာကွယ်နေတုန်းပဲ"

ဉီးနှောက်ရဲ့ဖန်ဆင်းမှုအရ မျက်လုံးထဲတစ်ရိပ်ရိပ်ပေါ်ပေါက်လာတဲ့ ရုပ်ရှင်မဟုတ်တဲ့ပြကွက်တွေထဲမှာ ဓားရှည်ကိုင်ထားတဲ့ဖေဖေ ပြီးတော့ နှင်းဆီပန်းနီနီတွေနဲ့ လှချင်တိုင်းလှနေတဲ့ပန်းချီကားကြီးကိုကာကွယ်နေတဲ့ မေမေ။ရန်ဖြစ်စကားများတိုင်းလည်း ခြေရင်းနံရံမှာချိတ်ထားတဲ့ပန်းချီကားပေါ်မှာသာ ဒေါသတွေဖြေတတ်တဲ့ဖေဖေဟာ တစ်နေ့မှာတော့ စိတ်တွေကိုချုပ်တည်းမထားတော့ဘဲ လွှတ်ထွက်ခွင့်ပေးလိုက်သည်နှင့်တူပါသည်။ခြံထဲမှာထားတဲ့ဓားရှည်တစ်ချောင်းကိုဆွဲကာ ထိုပန်းချီကားကို အပိုင်းပိုင်းခုတ်ပစ်မည်ဟု ကြုံးဝါးကာ လက်ကိုမြှောက်လိုက်တဲ့အချိန် ဖေဖေ့ရဲ့ဓားသွားအောက်မှာရှိနေခဲ့သည်က မေမေရဲ့မာန်တွေပြည့်နေတဲ့မျက်လုံးစူးရှရှတစ်စုံသာဖြစ်သည်။အိမ်တော်ထိန်းတွေ ဘိုးဘိုးဘွားဘွားတွေဝိုင်းဆွဲနေတဲ့ကြားကကို ရုန်းထွက်ကာ ပန်းချီကားကိုခုတ်တော့မည့်အနေအထားဖြင့် ဓားကိုအားပါပါမြှောက်လိုက်သော်လည်း မျက်တောင်တစ်ချက်မခတ်ဘဲ မျက်ရည်တွေသာတသွင်သွင်စီး၍ ပြောခဲ့သော တစ်ခွန်းတည်းသောစကားသည်ကား 'အဲ့ဒီပန်းချီကားကိုခုတ်မယ့်အစားကျွန်မကိုသာသတ်လိုက်ပါအကို'တဲ့လေ။

THE FIRST LOVES ||JINKOOK|| [Completed]Où les histoires vivent. Découvrez maintenant