U 31

899 95 55
                                    

Unicode & Zawgyi

Unicode

"ပါးပါး.......သားဒယ်ဒီနဲ့အိပ်လို့မရဘူးလားဟင်"

အိပ်ရာထက်မှာလှဲနေပြီဖြစ်တဲ့သားသားဆီကစကားသံထွက်လာတော့ ဗီရိုထဲကိုသားသားအင်္ကျီတွေခေါက်ထည့်နေတဲ့ဂျောင်ကုလက်တွေရပ်တန့်သွားရကာ ​ပြုံးလိုက်မိသည်။ရှော့ပင်းမောမှာသူ့ဒယ်ဒီနဲ့စတွေ့တုန်းကတော့ ခပ်လန့်လန့်နဲ့တွန့်ဆုပ်တွန့်ဆုပ်ဖြစ်နေခဲ့တဲ့သားသားဟာ ဉီးကပွေ့ချီပေးပြီး'ဒယ်ဒီကို့သားသားကစကားမပြောတော့ဘူးလား'လို့ယုယုယယမေးလိုက်တော့မှ တွန့်ဆုပ်တွန့်ဆုပ်ဖြစ်နေတာတွေပျောက်ကာ သူ့ဒယ်ဒီနားကိုရဲရဲတင်းတင်းကြီးကပ်တွယ်တော့တာပင်။ညနေတစ်ခင်းလုံးလည်း ဉီးအနားသာကပ်တွယ်နေပြီး ဒယ်ဒီချင်းထပ်နေအောင်ခေါ်ပြောနေတဲ့သားသားဟာ ချစ်လှပါချည်ရဲ့ဆိုတဲ့ဂျောင်ကုကိုတောင်မေ့လျော့နေခဲ့တာဖြစ်သည်။အခုလည်းအိပ်ခါနီးတာတောင် ဒယ်ဒီနဲ့အိပ်ပါမယ်လုပ်နေတဲ့အချွဲပိုလေးဟာ အိပ်နေရာကနေကုန်းထပြီး တပလ္လင်ခွေထိုင်နေတဲ့ဂျောင်ကုရင်ခွင်ထဲရောက်လာကာ သူ့ခေါင်းလုံးလုံးလေးနဲ့ရင်ဘတ်ကိုပွတ်သပ်လာ​တာမို့ ထိုခေါင်းလုံးလုံးပေါ်အနမ်းခြွေချလိုက်မိသည်။လုပ်ချင်တာ၊ရချင်တာရှိရင် မရမချင်းတဂျီဂျီလုပ်တတ်တဲ့အကျင့်လေးကိုသိနေတာမို့ ဘေးနားမှာခေါက်ပြီးပုံထားတဲ့အဝတ်တွေကိုဗီရိုထဲပြောင်းထည့်လိုက်ပြီး သားသားကိုပွေ့ချီကာ ဂျောင်ကုရဲ့အိပ်ခန်းထဲခေါ်ခဲ့လိုက်သည်။

ဂျောင်ကုရဲ့အခန်းထဲကိုတံခါးခေါက်ဝင်သွားလိုက်ပြီး သားသားကိုအောက်ချပေးလိုက်တော့ luggageထဲကနေတစ်ခုခုရှာနေပုံရတဲ့ဉီးရဲ့နောက်ကျောကို လုံးနေအောင်ပြေးပြီးဖက်တော့သည်။သားသားရဲ့ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ်လေးကိုပွေ့ချီကာ ပါးကိုတစ်ရှုံ့ရှုံနမ်းနေတဲ့ဉီးကိုကြည့်ပြီး ဂျောင်ကုမျက်ရည်တွေလည်လာရသည်။ဘာမှအသုံးမဝင်တဲ့လူကြီးတွေရဲ့မာနတွေ၊ အတ္တတွေကြောင့် သားလေးမှာမေတ္တာတစ်ဖက်တည်းနဲ့ကြီးပြင်းခဲ့ရသည်။ဉီးကိုလည်း တစ်ဉီးတည်းသောသွေးသားနဲ့ခွဲထားမိသလိုလည်းဖြစ်နေခဲ့တာမို့ သားသားကဉီးအပေါ်ကပ်တွယ်ခြင်းအားဘာမှဝင်မပြောခဲ့တာပင်။

THE FIRST LOVES ||JINKOOK|| [Completed]Onde histórias criam vida. Descubra agora