Unicode & Zawgyi
Unicode
"ဘောမ်ဂယူနေမကောင်းလို့လားမသိဘူး"
ဘေးကနေစိုးရိမ်တကြီးမေးလာတဲ့အသံကြောင့် အနောက်ဘက်ကိုလှည့်ကာ လွတ်နေတဲ့ခုံလေးကိုကြည့်ရင်း သက်ပြင်းအသာချလိုက်သည်။အပေါ်ယံကြည့်ရင် ပျော်ပျော်ရွင်ရွင်နဲ့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်ပုံပေါ်တဲ့ဘောမ်ဂယူဟာ အချိန်ပေးပြီးသေချာကြည့်မယ်ဆိုရင် တစ်နေရာကိုတွေငေးနေတတ်တဲ့ဝမ်းနည်းပုံလေးကို တွေ့ရမှာဖြစ်သည်။တော်ရုံတန်ရုံဆိုကျောင်းမပျက်တတ်တဲ့ကောင်လေးမှ နှစ်ရက်ဆက်တိုက်ကျောင်းပျက်လာတော့ အေးတိအေးစက်နေတတ်တဲ့ဂန်ထယ်ဟျောင်းသည်ပင်လျှင် မနေနိုင်မထိုင်နိုင်ထုတ်မေးရသည်အထိမို့ ဒီညနေတော့ သူ့အိမ်ကိုလိုက်ကြည့်ရန်ပြောလိုက်သည်။နှစ်ယောက်အတူညနေသွားကြည့်ကြမယ်လို့ပြောလိုက်တော့မှ စာအုပ်ကိုတဒေါက်ဒေါက်ခေါက်နေတဲ့ဘောပင်လေးကရပ်သွားပြီး ကျောင်းစာကိုအာရုံစိုက်တော့သည်။ကြည့်လိုက်တော့သာ ဂရုမစိုက်တာလိုလို၊ အရေးမထားတာလိုလိုနဲ့ဂန်ထယ်ဟျောင်းဟာ အခုလည်းဆရာပေးသမျှnoteတွေကို စာအုပ်နှစ်အုပ်နဲ့ပြိုင်တူလိုက်ရေးနေရင်း မျက်နှာသိပ်မကောင်း။ဂျောင်ကုကတော့ ထယ်ဟျောင်းရဲ့ဉီးလေးတော်စပ်သူကိုသာအချိန်ပြည့်ရောက်နေတဲ့အာရုံတွေကို ကျောင်းစာတွေရှိရာသို့အတင်းပြန်ပို့နေရသည်။'ဉီး'ဆိုတဲ့အသုံးအနှုန်းလေးနဲ့တင်ကို နှလုံးခုန်သံတွေကထိန်းမရဖြစ်ကာ ရင်ထဲဆို့တက်လာသော်လည်း မချစ်မိချင်သလို အနားကိုလည်းတိုးကပ်မသွားချင်။အချစ်ဉီးဆိုတာ သူများတွေအတွက်တော့ မြေးဉီးရသည်အထိမမေ့နိုင်ရက်တဲ့ပုံပြင်လှလှလေးဖြစ်ခဲ့မည်မှန်သော်လည်း ဂျောင်ကုအတွက်တော့ စိတ်ကိုအမြဲတစေခြောက်လှန့်တုန်လှုပ်စေတတ်တဲ့ ကျိန်စာတစ်ခုအပြင်မပိုပါချေ။
ကျောင်းအဆင်းမှာ ဆိုင်ကယ်ထုတ်ပြီး ထယ်ဟျောင်းဉီးဆောင်တဲ့နောက်လိုက်သွားတော့ သာမန်ခပ်နုပ်နုပ်ရပ်ကွက်လေးတစ်ခုသာဖြစ်ပြီး ရပ်ကွက်ထိပ်မှာဆိုင်ကယ်ရပ်ခဲ့ကာ လမ်းလျှောက်ဝင်သွားရသည်။ဘယ်အိမ်မှန်းအတိအကျမသိတာမို့ ရပ်ကွက်ထဲကအဒေါ်ကြီးတွေကိုမေးမြန်းမိတော့ ထူးဆန်းတဲ့အကြည့်နဲ့ကြည့်လာပြီး လက်ညိုးညွှန်ကြသည်။ပါးစပ်ပါရွာရောက်ဆိုသလို အဒေါ်ကြီးတွေကိုမေးမြန်းအပြီးမှာတော့ အုတ်ကြွပ်နီညိုရောင်တွေမိုးထားတဲ့ခပ်နုံနုံတစ်ထပ်အိမ်လေးကိုတွေ့လိုက်ရသည်။ရပ်ကွက်အနေအထားအတိုင်းအိမ်လေးကခပ်စုပ်စုပ်သာရှိသည့်အပြင် အနားကလည်းအနံ့အသက်မကောင်း။တီးစရာဘဲလ်လည်းမရှိတာမို့ ဆေးတွေတောင်ကွာကျနေပြီဖြစ်တဲ့ နီညိုရောင်သံပန်းတံခါးကိုအသာတွန်းကြည့်တော့ ပွင့်ဟသွားတာမို့ အသံပေးကာအိမ်ထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းဟာ ဂျောင်ကုလိုလူတစ်ယောက်ကိုတောင် ဆွံ့အသွားစေတဲ့အထိ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော်ငြား အမြဲသတိရှိပြီးသွက်လက်တဲ့ထယ်ဟျောင်းကတော့ ဘောမ်ဂယူအပေါ်ကနေအုပ်မိုးကာ အင်္ကျီတွေဆုတ်ဖြဲဖို့ကြိုးစားနေတဲ့သက်လတ်ပိုင်းလူရွယ်အား ဆွဲထိုးလိုက်ပြီးပြီဖြစ်သည်။
YOU ARE READING
THE FIRST LOVES ||JINKOOK|| [Completed]