U 28

727 86 71
                                    

Unicode & Zawgyi

Unicode

ဆော့ဂျင်အိပ်ရာကနိုးလာတော့ အပြင်မှာမှောင်ရီပျိုးစအချိန်ရှိနေပြီဖြစ်သည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသဖြင့်အားပြည့်နေတယ်ထင်ရပေမယ့် ခေါင်းကိုက်တဲ့ဝေဒနာကတော့ကျန်နေဆဲပင်။ညနေစောင်းကြီးမှာအိပ်ပျော်သွားတာမို့ အနည်းငယ်နုံးချိနေတဲ့ခန္ဓာကိုယ်ကိုလန်းဆန်းသွားအောင်ရေချိုးလိုက်ပြီး အောက်ထပ်ကိုဆင်းခဲ့လိုက်သည်။အောက်ထပ်ကိုရောက်ရောက်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းက ဆော့ဂျင်ကိုအနည်းငယ်စိတ်ပျက်စေတာမို့ ခေါင်းကိုအသာခါယမ်းလိုက်ပြီး ဘီယာဘူးခွံတွေကြားမှာအလဲလဲအပြိုပြိုဖြစ်နေတဲ့ကလေးရှေ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။ဆော့ဂျင်ကိုမော့ကြည့်တဲ့မျက်လုံးတွေက အရက်ရှိန်ကြောင့်ရီဝေနေပြီး မျက်ရည်တွေအပြည့်နဲ့မို့ သက်​ပြင်းအသာချလိုက်ကာ ခုံပေါ်လက်တင်ပြီးမှောက်အိပ်နေတဲ့ပါးပြင်လေးကိုအသာပွတ်သပ်ပေးလိုက်သည်။

"ကလေးလေး.......ဘာတွေဖြစ်နေတာလဲကွာ......ကိုယ်ဒီလောက်ရှင်းပြပါ့မယ်ပြောထားရက်နဲ့တောင်"

"ဉီးကတော့အေးအေးချမ်းချမ်းအိပ်ပျော်နိုင်ပေမယ့် ကျွန်တော်ကမှမအေးချမ်းနိုင်တာဉီးရဲ့.......ဉီးသိလား......ဒီရင်ဘတ်က......ဒီနေရာကသေအောင်ပူနေတယ်လို့"

ဂျင်းဂျက်ကပ်အောက်ကနှလုံးသားနေရာကို ထုရိုက်ရင်းပြောလာတဲ့ကလေးဟာ စကားတွေဆိုနေရင်းတန်းလန်းနဲ့ကို မျက်ရည်တွေစီးကျလာတာမို့ ဆော့ဂျင်မှာစိတ်မကောင်းခြင်းကြီးစွာနှင့် ကလေးလေးရဲ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။

"ကလေးလေးကိုယ့်ကိုမယုံဘူးလား.......ကိုယ်ကလေးလေးကိုဘယ်လောက်ချစ်ခဲ့ရလဲ.......အသက်အရွယ်ကွာဟမှုတွေ၊ အတိတ်ကအကြောင်းတွေအားလုံးကိုတောင်မေ့ဖျောက်ပြီး ကလေးလေးကိုဘဝထဲခေါ်သွင်းခဲ့တာ.......ကလေးလေးကိုပိုင်ဆိုင်ချင်စိတ်တစ်ခုတည်းနဲ့ကိုယ်ရှေ့တိုးခဲ့တာ........ဒါတောင်မှကလေးလေးကိုယ့်ကိုမယုံနိုင်သေးဘူးလား"

THE FIRST LOVES ||JINKOOK|| [Completed]Dove le storie prendono vita. Scoprilo ora