Unicode & Zawgyi
Unicode
လေတစ်ဖြူးဖြူးတိုက်ခတ်နေသော ညရှစ်နာရီအချိန်။ပထမအကြိမ်ခေါ်လာခဲ့တဲ့အဆောက်အအုံပျက်ကြီးပေါ်မှာပဲ လူငယ်လေးနှစ်ယောက်ဟာ ဘီယာဘူးကိုယ်စီနဲ့ ရှေ့မှာမြင်နေရတဲ့ဟန်မြစ်ကြီးကို တစ်မေ့တစ်ဆွေးငေးမောနေကြသည်။လက်ထဲကိုင်ထားတဲ့သံဗူးထဲက ဘီယာကိုတစ်ငုံငုံလိုက်ပြီး ဘေးမှာထိုင်နေတဲ့ထယ်ဟျောင်းကို လှည့်ကြည့်လိုက်သည်။ရွယ်တူချင်းကတောင်ရှိန်ရတဲ့မျက်နှာထားတည်တည်နဲ့ထယ်ဟျောင်းဟာ ချစ်သူရည်းစားလို့အမည်ခံထားတဲ့ဘောမ်ဂယူနဲ့အတူရှိနေရင်တောင် ဟက်ဟက်ပက်ပက်ရီမောတာမျိုးမရှိဘဲ ပြုံးပြရုံလောက်သာ။ဆယ့်ရှစ်နှစ်အရွယ်လို့မထင်ရတဲ့ရင့်ကျက်မှုတွေဟာထယ်ဟျောင်းဟာ သူများရွယ်တူတွေလို အချစ်မှာနှစ်မြောပြီး ဘဝကိုပေါ့ပေါ့တန်တန်ဖြတ်သန်းနေတဲ့လူငယ်တွေနဲ့ လုံးဝမတူကွဲပြားလေသည်။ဖခင်ပိုင်ဆိုင်တဲ့ကုန်သွယ်ရေးလုပ်ငန်း၊ မိခင်ပိုင်ဆိုင်တဲ့ဟိုတယ်များ။ထိုအရာတွေအားလုံးနဲ့တင် တစ်သက်စာစားမကုန်တဲ့ထယ်ဟျောင်းဟာ ဘောမ်ဂယူနဲ့အတူရှိချိန်တွေမှာ ချစ်စကားတီတီတာတာတွေအစား အနာဂတ်ဘဝတိုးတက်ရေးကိုသာ ရှေးရှူပြောဆိုနေတတ်သည်။နောက်အနှစ်နှစ်ဆယ်လောက်အထိ ကြိုတွေးပြီးချမှတ်ထားတဲ့အနာဂတ်အစီအစဉ်ထဲမှာ ဘောမ်ဂယူပါရဲ့လားဆိုတာကို တစ်ခါတစ်လေတော့လည်း မေးကြည့်ချင်ပါရဲ့။
"ထယ်ဟျောင်းမင်းဘယ်တက္ကသိုလ်တက်မှာလဲ"
"သြဇီမှာစီးပွားရေးကျောင်းသွားတက်ပြီးဒီပလိုမာယူမှာ......ဒယ်ဒီ့အလုပ်ထဲမှာအတွေ့အကြုံနည်းနည်းယူပြီးပြီဆိုရင်ကိုရီးယားနဲ့ဆက်သွယ်တဲ့အပိုင်းကိုခွဲယူပြီး မာမီ့ဟိုတယ်တွေအတွက်လည်းအချိန်ပေးရဉီးမယ်"
"မင်းကစီးပွားရေးလုပ်မယ်ပေါ့"
"မလုပ်စရာအကြောင်းရှိလို့လား"
"ငါကတော့........."
"မင်းလည်းငါနဲ့အတူသြဇီမှာကျောင်းလိုက်တက်ရင်းစီးပွားရေးသင်ရမှာ.......အဲ့တာဆိုငါလုပ်ငန်းလုပ်တဲ့အချိန်ဆိုမင်းကိုပါတွဲခေါ်လို့ရတယ်"
ВЫ ЧИТАЕТЕ
THE FIRST LOVES ||JINKOOK|| [Completed]