U 27

695 84 70
                                    

Unicode & Zawgyi

Unicode

အချိန်ကာလတွေတစ်ရွေ့ရွေ့ကူးပြောင်းပြီး တစ်နှစ်ဆိုသောအချိန်ကာလအားကျော်လွန်ခဲ့ပြီဖြစ်သည်။ဒီတစ်နှစ်အတွင်းမှာတည်ဆောက်ထားတဲ့အိမ်ထောင်ရေးဟာ သာယာကောင်းသာယာပေမယ့် မပြောဘဲထားခဲ့တဲ့အက်ကြောင်းတစ်ချို့ရဲ့ဒဏ်ကိုတော့ တစ်စတစ်စခံလာရပြီဖြစ်သည်။အသက်နှစ်ဆယ်လောက်ကွာတဲ့လူငယ်လေးကိုလက်ထပ်ယူထားတဲ့ဆော့ဂျင်ရဲ့စိတ်တွေကမလုံခြုံမှုတွေ၊ သိမ်ငယ်မှုတွေနဲ့မွန်းကြပ်နေခဲ့သော်လည်း ချစ်လှစွာသောကလေးငယ်က မသိကျေးကျွန်ပြုမြဲပင်။အခုလည်း ညဆယ့်နှစ်နာရီသန်းခေါင်ယံရောက်သည့်တိုင်အိမ်ပြန်မလာသေးသောကောင်ကလေးသည် အခုရက်ပိုင်းတွင်ဆိုးဝါးလာသည်။အိမ်ကိုပြန်လာချင်သည့်အချိန်မှပြန်လာသည်။ဒီလိုနောက်ကျမှအိမ်ပြန်လာသည့်နေ့တွေဆိုရင်လည်း ယာမကာနံ့လေးကတစ်သင်းသင်း။အခုလည်းမပိတ်ဘဲထားပေးခဲ့တဲ့ခြံတံခါးကိုဖြတ်ဝင်လာတဲ့ပြိုင်ကားသံဟာ ဝရုန်းသုန်းကားနိုင်စွာ။ကားပေါ်ကနေဆင်းလာပြီးခြံတံခါးသော့သွားခတ်ပုံကလည်း အတုန်တုန်အရီရီနဲ့။သိပ်မကြာ အိမ်ပေါ်ကိုတက်လာသံတစ်ဒုန်းဒုန်း။ထိုအရာတွေကိုအားလုံးကိုမြင်နေ၊ကြားနေရပေမယ့် ဘာမှပြောချင်စိတ်မရှိတော့တာမို့ လက်ထဲညှပ်ထားတဲ့စီးကရက်ကိုဖိဖွာလိုက်ပြီး မျက်လုံးတွေကိုအသာမှေးမှိတ်ထားလိုက်သည်။နောက်ကျောဘက်မှာရပ်တန့်သွားတဲ့ခြေသံ။ဆော့ဂျင်ကိုယ်ပေါ်လွှမ်းခြုံလိုက်တဲ့အရက်နံ့တွေကြောင့် အသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်ပြီး လက်ထဲကိုင်ထားတဲ့စီးကရက်ကိုပြာခွက်ထဲထိုးချေလိုက်သည်။

"ဉီးကမအိပ်သေးဘဲစောင့်နေတာလား.......Sorryဉီး.......ဒီနေ့သူငယ်ချင်းရဲ့မွေးနေ့မို့နည်းနည်းနောက်ကျသွားတယ်"

"ပင်ပန်းလာတယ်မဟုတ်လား......ရေချိုးပြီးနားတော့ကလေးလေး......ကိုယ်လည်းအိပ်ရာဝင်တော့မယ်"

ပုခုံးပေါ်ကိုဖက်တွယ်ထားတဲ့လက်တွေကိုဖြုတ်ချပြီး အိပ်ရာပေါ်ကိုသာတန်းတန်းမက်မက်သွားလိုက်သည်။ညအိပ်မီးအိမ်လေးကိုဖွင့်ပြီး အိပ်ရာပေါ်ကိုသက်သောင့်သက်သာလှဲချလိုက်တဲ့အချိန် ရေချိုးခန်းတံခါးဖွင့်သံနဲ့အတူ ရေကျသံသဲ့သဲ့။အရာအားလုံးကိုခံစားသိရှိနေပေမယ့် ဆော့ဂျင်မျက်ဝန်းတွေကိုတင်းတင်းကြပ်ကြပ်မှိတ်ပစ်လိုက်ပြီး ဗလာကျင်းနေတဲ့ဉီးနှောက်ကိုခဏအနားပေးမိသည်။မစွန့်လွှတ်နိုင်တဲ့စိတ်ကိုအလိုလိုက်ကာတည်ဆောက်ခဲ့တဲ့အိမ်ထောင်ရေးမှာ အက်ကြောင်းတွေကတစ်ခုပြီးတစ်ခုတိုးလာခဲ့ပြီဖြစ်သည်။အသက်နှစ်ဆယ်လောက်ကွာတဲ့အိမ်ထောင်ရေးတစ်ခုမှာ အသက်ကြီးတဲ့သူက ငယ်ရွယ်နုပျိုတဲ့ကလေးလေးတစ်ယောက်ကိုစိတ်မချမှုတွေ၊ သိမ်ငယ်စိတ်တွေနဲ့ အကြိမ်ကြိမ်ပြိုလဲနေခဲ့ပြီဖြစ်သော်လည်း ထိုကလေးငယ်လေးကိုချစ်သည့်စိတ်နှင့်အရာအားလုံးသည်းခံခဲ့သည်။အတွင်းရေးမှူးလေးတင်ပြလာတဲ့တက္ကသိုလ်အတွင်းက,ကလေးလေးရဲ့အီစီကလီဇယားတွေ၊ သူငယ်ချင်းတွေတရုန်းရုန်းနဲ့သွားလာလည်ပတ်နေတဲ့barတွေ၊ ကလပ်တွေကမိန်းကလေးလှလှလေးတွေ၊ အရာအားလုံးကိုသိနေပေမယ့် ထုတ်မပြောမဖြေရှင်းဘဲကျော်လွှားသွားခဲ့တာတွေအတွက်တစ်ခုတည်းသောအကြောင်းပြချက်က ကလေးလေးကိုအဆုံးရှုံးမခံနိုင်၍။ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ဝေဖန်သံတွေကိုတောင်လျစ်လျူရှုပြီး သိမ်းပိုက်ထားတဲ့ထိုကလေးလေးကို ဘယ်လိုနည်းနဲ့မှမစွန့်လွှတ်နိုင်ပေ။

THE FIRST LOVES ||JINKOOK|| [Completed]Dove le storie prendono vita. Scoprilo ora