Unicode & Zawgyi
Unicode
"ဉီးပြင်စရာရှိတာပြင်တော့လေ.......အချိန်ကမနည်းတော့ဘူး........ကျွန်တော့်ကိုလည်းကူပေးဉီး"
အဝတ်ဗီရိုရှေ့ရပ်ရင်းပြာယာခတ်နေတဲ့ဂျောင်ကုဟာ ကုတင်ပေါ်ထိုင်ရင်းဆော့ကောင်းနေဆဲဖြစ်တဲ့သားအဖနှစ်ယောက်ကိုလှမ်းအော်လိုက်သည်။ညနေပိုင်းဟိုတယ်မှာလုပ်မယ့်ထယ်ဟျောင်းတို့ရဲ့စေ့စပ်ပွဲကိုသွားရမှာမို့ ဂျောင်ကုကသာပြာယာတွေခတ်ရင်းအော်ဟစ်နေရပေမယ့် သားအဖနှစ်ယောက်ကတော့အဆော့တောင်မပြတ်ပေ။ကုတင်ပေါ်ကနေဆင်းလာတဲ့ဉီးကိုကြည့်လိုက်တော့လည်း အဖြူရောင်ရှပ်အင်္ကျီနဲ့ဘောင်းဘီသာဝတ်ရသေးတာမို့ ဉီးအတွက်necktieရှာပေးရဉီးမည်။သားသားကိုလည်းအဝတ်တွေလဲပေးရဉီးမည်။အချိန်ကလည်းနောက်ကျတော့မှာမို့ ဂျောင်ကုတစ်ယောက်တည်းဗီရိုရှေ့မှာပြာယာခတ်နေသည်။သို့သော် ဉီးကတော့ ဂျောင်ကုကိုလက်ကနေဆွဲကာကုတင်ပေါ်ထိုင်စေတာမို့ ဘာတွေလုပ်နေမှန်းမသိရစွာ ကြောင်ငေးနေမိသည်။
အံဆွဲထဲကအကြည်ရောင်ဘူးလေးကိုယူလာပြီး ဂျောင်ကုအနောက်မှာဝင်ထိုင်တဲ့ဉီးဟာ ခေါင်းဖြီးလေးနဲ့ဂျောင်ကုရဲ့ဆံပင်တွေကိုဖြီးသင်ပေးလာတာမို့ ခေါင်းစည်းပေးမလို့ဆိုတာသိလိုက်သည်။ဂျောင်ကုရဲ့ဆံပင်ရှည်ရှည်တွေကိုသဘောကျတဲ့ဉီးဟာ အားတဲ့အချိန်တိုင်းဆံပင်ရှည်တွေကိုသပ်သပ်ရပ်ရပ်စိတ်ရှည်လက်ရှည်ထိုင်စည်းပေးတတ်သလို ဘယ်ကဝယ်ဝယ်လာမှန်းမသိတဲ့ကလစ်ပေါင်းများစွာနဲ့လည်း အလှဆင်ပေးတတ်သေးသည်။ဆံပင်ကိုအရောင်နဲ့ထားထားရတာတော်တော်ကြာနေပြီမို့ ဂျောင်ကုဆံပင်တွေကိုတစ်လောလေးကပဲအနက်ရောင်ပြန်ဆိုးလိုက်ပြီး အောက်ပိုင်းလေးကိုလည်းအနည်းငယ်ကောက်လိုက်သည်။ရှေ့ဆံမြိတ်လေးပါညှပ်လိုက်ပြီး ဆံပင်ပုံစံကိုလုံးဝချိန်းလိုက်သော်လည်း ဘာမှမပြောတဲ့ဉီးဟာ beauty salonကိုသွားတဲ့အချိန်တွေကိုလည်း စိတ်ရှည်လက်ရှည်လိုက်စောင့်ခေါ်ပေးတာပင်။
အခုလည်း ဆံပင်တွေကိုသေချာဖြီးပေးပြီး တစ်ဝက်စည်းလေးစည်းလိုက်ကာ ထိုဆံပင်စည်းလေးအပေါ်မှာမှ လိပ်ပြာပုံစံကျောက်ကလစ်လေးနဲ့ညှပ်ပေးလိုက်သေးသည်။အရှေ့ကိုရောက်လာပြီး ဆံမြိတ်ကိုပါဖြီးသင်ပေးတဲ့ဉီးဟာ ဂျောင်ကုဆံပင်တွေကိုတော်တော်မြတ်နိုးတာပင်။အခုလည်း ဖြီးသင်ပြီးကျကျနနဖြစ်သွားတဲ့ဆံပင်တွေကို စပရေးတွေနဲ့ပုံမပျက်အောင်ထိန်းညှိပေးသေးသည်။
YOU ARE READING
THE FIRST LOVES ||JINKOOK|| [Completed]