[ Unicode ]
နှုတ်ခမ်းတစ်စုံရဲ့ဆန္ဒ
အပိုင်း ( 20 )
" ချစ်လေးနိုးပြီလား…..ထတော့ အိပ်ပုတ်လေး 😘 "
" ကိုယ် ခဏလေး ကိုင်ထားချင်လို့ မထချင်သေးဘူး "
" ဘာကိုလဲ ချစ်လေးရ 🙈"
" ကိုယ့် လက်ကလေးကို အိပ်ရင်းကိုင်ချင်တယ်ပြောတာ ….. အင်းးးး မှတ်ပြီလား " ☹️
" အားးး ချစ်လေးးး နာတယ် နာတယ် 😟 အရမ်းမကိုက်ရဘူးလေ လူနာကို နှိပ်စက်နေတယ်ဗျို့ "
" ဘယ်မှာ ဖျားလို့လဲ ….အရက်သောက်ပြီး အိပ်နေတာများ ဟွန့် "လ
" အာကွာာ 😩 "
" ဘာဖြစ်လို့လဲဟင် အမှားတခုခုလုပ်မိလို့လား "
" အဲ့လို ချစ်စရာကောင်းအောင် နှုတ်ခမ်းလေးစူပြီး မလုပ်ပါနဲ့ဆိုကွာာ ….. "
" ဘာဖြစ်လဲ 😜 "
ချစ်ခြင်း ဆိုတာ သူတစ်ယောက်တည်းအပေါ်သက်ရောက်နေရုံသက်သက်သာ…. ဖြစ်ခဲ့မိပါတယ် ။ ထိုသို့ ဖြစ်နေခြင်းမှာ မိမိချစ်သောသူကို ပျော်ရွှင်စေချင်တဲ့စိတ်ကလေးက ဦးဆောင် ၍သာဖြစ်လိမ့်မည်။ ပျော်ရွှင်နေတာ လေးကိုကြည့်မိတာ နဲ့တင် ကိုယ်ပျော်နေပါပြီ…. မင်းလေးပျော်ပါစေ ….ချစ်လေး….
" ကိုယ်… ဘာတွေစဥ်းစားနေတာလဲ ရော့… ကိုယ်သောက်ဖို့ ကော်ဖီဖျော်လာတယ် သောက်လိုက်ဦးနော် "
" ချစ်လေး ကိုယ် ဒီနေ့ အလုပ်သွားရမယ် … အလုပ်အသစ် အင်တာဗျူးဖောင်တင်ထားတာ ဒီနေ့ ခေါ်ထားလို့ …. ချစ်လေး မီးဖိုချောင်ထဲမှာ ကိုယ်ချက်ပြုတ်ထားတယ် နော် "
" ဟုတ်ပါပြီဗျာာ… အလုပ်အင်တာဗျူးကို အဆင်ပြေပြေ ဗျူးခဲ့နော်…. သတင်းကောင်းစောင့်နေမယ် အရမ်းချစ်တယ် မွှ "
" အဲ့ဒါလေးတွေနဲ့ပဲ ဒီကောင်ကြီးက ရုန်းထွက်လို့မရတာပေါ့ဗျာာ ကဲ ကိုယ်သွားတော့မယ်နော် YBS က စောင့်တာကြာလို့ …. ဘိုင့် "
" ဘိုင့် "
အလုပ်အသစ်အတွက် ဘုရားစာရွတ်ရင်း ကားဂိတ်မှာ စောင့်နေမိသည် ။ နာရီလဲကြည့်ရင်းပေါ့…. ကားစောင့်ရင်း အိမ်က ချစ်သူလေးကိုလဲ တွေးမိလိုက်သေးသည်…. အခုဆိုပြန်များ အိပ်လေမလား ….. ကော်ဖီသောက်ရင်း မုန့်စားလေမလားပေါ့ …. ကြည်နူးခဲ့တဲ့အချိန်တွေးရင်းပြုံးမိ ရယ်မိသေးသည် ။ ဘေးလူတွေကြည့်တော့မှ မျက်နှာပိုးပြန်သတ်လိုက်မိသည် ။ တိုက်ဆိုင်စွာ သီချင်းနားထောင်နေတုန်း ကောင်းကောင်း ရဲ့ ပျော်နေပါ သီချင်းလေး နားထောင်ရင်းလဲ ဝမ်းနည်းမိပြန်သေးသည်…. ။ ကျွန်တော် စီးရမယ့် ကားရောက်လာတာနဲ့ အကြွေ ၃၀၀ လက်ထဲကိုင် ရင်း တက်သွားခဲ့သည် ။ ကားကလဲ ကြပ်လိုက်တာဗျာာ တွယ်မစီးရရုံသက်သက်သာ လိုက်စီးခဲ့ရသည် ။ မြေနီကုန်းကနေ မြောက်ဒဂုံအထိဆိုတော့ နည်းတဲ့ခရီးတော့ မဟုတ်ပေဘူးပေါ့ဗျာ ။ လမ်းတစ်ဝက်လောက်ရောက်မှ ထိုင်ခုံနေရာရလို့ ဟန်မဆောင်နိုင်တော့ပဲ ချက်ချင်းထိုင်ချမိခဲ့သည်။ ထိုင်ခုံနေရာ ရမှ နားထောင်နေတဲ့ သီချင်းကိုပိတ်ပြီး တရားလေး ဖွင့်မိသည် အင်တာဗျုး ဆိုတော့ အားကိုးရာအမှန် ဖြစ်မည်ဟု ယုံကြည်တာရော စိတ်တည်ငြိမ်အောင်ပါ နားထောင်မိသည် ။
YOU ARE READING
နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]
RomanceUnicode နှုတ်ခမ်းတစုံရဲ့ဆန္ဒ BL Series ( Review) ကန်ရေပြင်ကြီး ရဲ့ အလှကို ငေးကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ... အေးချမ်းသလိုခံစားရတယ်... အရမ်းလဲကျေနပ်တယ်.... ကံကြမ္မာကြီးရယ် တခါတလေလေးတော့ ပျော်ရွင်မှု့တွေပေးသနားပါဦးနော်... အရမ်းပင်ပန်းနေပါပြီ...