အပိုင်း ( 5 )

2.2K 62 0
                                    

နှုတ်ခမ်းတစုံ ရဲ့ ဆန္ဒ

အပိုင်း ( 5 )

" သားလေး ချစ်ခွန်း…"

 " ဟုတ်အမေ "

 " အမေ ဒီည  မန္တလေး သွားစရာရှိတယ်… အဲ့ဒါသား တစ်ယောက်တည်း ဖြစ်မှာ… ဆိုးလို့ အမေ…သားလေး သျှားမင်း ကိုအကူအညီတောင်းထားတယ် "

 " ဟင်… အမေကလဲ သားတစ်ယောက်တည်းနေလဲ ဖြစ်ပါတယ် ..သူ့ကိုပြန်ပြောလိုက်နော်… သားအဆင်ပြေတယ် မလိုတော့ဘူး လို့ "

 " အမေ သားကိုတစ်ယောက်တည်း စိတ်မချပါဘူး...ဘာလုပ်လုပ် ပြာယာခတ်နေတာ ကို "

 " အမေက ဘယ်နှစ်ရက် ကြာမှာလဲ ? "

 " 2ပတ် လောက်ကြာမယ် ထင်တယ်…၁လလောက်ဖြစ်ရင်လဲဖြစ်မှာ ပြောလို့မရသေးဘူး သားအဖိုးရဲ့ ကျန်းမာရေး ဆိုတော့ "

 " 2 ပတ်တောင် သျှားမင်း နဲ့ဆို သေမှာပေါ့ အမေ…"

 " အမလေး မသေပါဘူး သားရယ်… သားရဲ့ ဘဏ်အကောင့်ထဲမှာ အမေ ပိုက်ဆံထည့်ပေးထားတယ် လိုရင်ပြောလေ အမေ လှမ်းပြီး လွှဲလိုက်မယ် "

 " သား ဘာမှမစားနဲ့ဆိုလဲ မစားပါဘူး အမေရယ်… သျှားမင်း နဲ့တော့ အတူမထားခဲ့ပါနဲ့နော်… "

 " သား ချစ်ခွန်း အမေ့ကိုမှန်မှန်ပြော သားကောင်မလေးကို အိမ်ကိုခေါ်ချင်လို့မလား မရဘူး… သားအခုလိုပြောနေတာကိုက အမေပိုပြီးတောင် မယုံချင်သေးတယ် ။ မရဘူး အမေ အပြတ်ပြောမယ် သား သျှားမင်း နဲ့အတူ နေရမယ် ဒါပဲ "

 " သားတော့စိတ်ညစ်တာပါပဲ "

 " ဘာတွေစိတ်ညစ်နေတာလဲ ချစ်ခွန်း "

 " မင်းဘာလာလုပ်တာလဲ သျှားမင်း…"

 " ဒီမှာ နေဖို့လေ… အဝတ်တွေရော ဘာညာတွေရော အကုန်ထည့်လာတယ် မင်းလဲသုံးလို့ရတာပေါ့ " 

 " ဘာပစ္စည်း တွေလဲ...ငါအဲ့ဒါတွေမသုံးဘူး သွား ပြန်ယူသွား "

 " မင်းဘာတွေပြောနေတာလဲ ငါပြောတာက Hair Spray တို့ ရေမွေးတို့ ကိုပြောတာပါကွ...အန်တီ သူဘာဖြစ်နေတာလဲ ဟင် "

 " မသိပါဘူးကွယ်… မင်းနဲ့အတူတူအိပ်ရမယ်လို့ပြောလိုက်ကတည်းက အဲ့လိုဖြစ်သွားတာ…"

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Tempat cerita menjadi hidup. Temukan sekarang