အပိုင်း - ( 12 )

1.7K 41 1
                                    

Unicode

နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ

 အပိုင်း - ( 12 )

 " ချစ်ခွန်း ထ..ထတော့.."

 " ကိုယ် နိုးပြီလား...မျက်နှာသစ် လို့ပြီးရင် မု့န်အတူသွားစားမယ်နော် "

 " ငါ မစားတော့ဘူး...ညကျရင် သီချင်းဆိုဖို့ လေ့ကျင့်ရဦးမှာ  "

 " ကိုယ်…. ချစ်လေးကို စိတ်ဆိုးနေတာမလား...စိတ်မဆိုးနဲ့တော့နော် တောင်းပန်ပါတယ် သူနဲ့စကားပြောတာမကြိုက်ရင်မပြောတော့ဘူးလေ နော် "

 " မင်းပြောတာတွေကို ငါယုံလို့မရသေးဘူးဖြစ်နေတယ်… လောလောဆယ် ငါ့စိတ်တွေအရင် တည်ငြိမ်အောင်လုပ်ရဦးမယ်...မင်းသဘောပါ သူ့ကိုစကားပဲ ပြောပြော...အိမ်ခေါ်ပြီး ဘာပဲလုပ်လုပ်...ငါစိတ်မဝင်စားဘူး "

 " ကိုယ်...ကိုယ် ချစ်ကိုစိတ်ဆိုးနေတာချစ်သိတယ်… စိတ်ဆိုးလို့ပြောတာလဲသိတယ်...ဒါပေမယ့် အဲ့လိုတော့မပြောပါနဲ့… ချစ်အတူနေတာဆိုလို့ ကိုယ်ပဲရှိတယ်…"

 " ဟုတ်ပါပြီ…. ငါစောင့်ကြည်မယ်လေ "

 " ကိုယ် အခု… အလုပ်ကိုတန်းပြီးသွားမလို့လား...တခုခုစားသွားပါဦးလား အတူတူစားမယ်လေ နော် " 

 " ရပါတယ် မစားတော့ဘူး...ငါသွားတော့မယ်… အော် မေ့တော့မလို့… ငါညကြမှပြန်လာမှာနော်...မင်းတို့အတွက် အချိန်အများကြီးရတယ်...အဲ့ဒါပြောတာပါ " 

 သျှားမင်း တစ်ယောက် သူ့ချစ်သူကို စိတ်ထဲကမပါပေမယ့် သူ့ရဲ့ ဗီဇအတိုင်း အနိူင်ပြောခဲ့ခြင်းပါ။ ချစ်ခွန်း ဘယ်လောက်ထိခံစားပြီးကျန်ခဲ့လဲဆိုတာ သူသတိမရပါ ။

-------------------------------------------------------––---------

 " သျှားမင်း နင် ဂစ်တာပြန်တီးနေတာလား "

 " အိစံ ပါလား….အေးဟုတ်တယ် ဟ...ငါ ဂစ်တာပြန်တီးနေတာ….ကိုမင်းမင်းတို့ Band က ဂစ်တာသမား လိုတယ်ပြောတာနဲ့ ငါပြန်ပြီးတီးဖြစ်သွားတာ…"

 " ဒါနဲ့ နင်ကရော ဒီကိုတစ်ယောက်တည်းလာတာလား "

 " No...No...ဒီဆိုင်က ငါ့အဖေပိုင်တာလေ ဒီနေ့ငါက ဆိုင်မှာ ကောင်တာလာထိုင်တာ "

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Donde viven las historias. Descúbrelo ahora