အပိုင်း ( 1)

5.6K 131 3
                                    

Unicode

နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ

အပိုင်း - ၁

 " သားလေး ကော်ဖီသောက်ရအောင်လေ ကွယ်...လာ "

 ချစ်ခွန်းအမေရဲ့ခေါ်သံကြောင့် ဗိုက်မဆာပေမယ့် ထိုင်ပြီး ဆူပုတ်နေတဲ့မျက်နှာလေးကို အကဲခတ်နေသူကတော့ အမေချစ်ပါ။ 

 " ရော့ ဒီမှာ ပေါင်မုန့် ဒါက သားအရမ်းကြိုက်တယ်ဆိုတဲ့ ကော်ဖီကို အမေကိုယ်တိုင်နှပ်ထားတာ "

 " အမေ အကိုကြီးရော မတွေ့ပါလား… သား ထင်တာပြောရမယ်ဆိုရင် ညက ပြန်မလာဘူးမလား… တွေ့တယ်မလား တကယ်တမ်းကြတော့ အမေ့နားမှာ သားက လွဲပြီး ဘယ်သူမှမရှိပါဘူးဆို…အခုဆိုအကိုက အရက်တွေလဲ သောက်တယ် မိန်းကလေးတွေဆိုလဲ ထည်လဲ တွဲ… "

 ချစ်ခွန်းပြောနေတုန်းမှာပဲ အမေချစ်က ကြားဝင်ဖြတ်ပြီး

 " ဟုတ်ပါပြီတော် သားငယ်လေးက အမေ့ပေါ် အသိတတ်ဆုံး အလိမ္မာဆုံး လေးပါနော် "

 " ဘာတွေပြောနေကြတာလဲ အန်တီ…"

 အိမ်ထဲကိုရုတ်တရပ်ဝင်လာသူကတော့ သျှားမင်းပါ ။ သျှားမင်းဆိုတာက ချစ်ခွန်း နဲ့ ငယ်ငယ်လေးကတည်းက ညီအကိုလို နေရင်း အတူတူကြီးပြင်းတာဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်သိနေတဲ့ အချစ်ဆုံး သူငယ်ချင်းတွေပေါ့ ။ 

 " ဒီ မှာလေ...သား သူငယ်ချင်း ပေါ့ ။ ထုံးစံအတိုင်း ချီးမွန်းခန်း ဖွင််နေတာ ။ "

 " သူက အဲ့အတိုင်းပဲလေ အန်တီရ… .အသက်သာ ကြီးလာတယ် ကလေးလေးလိုပဲ…ဟုတ်တယ် မလား ဘေဘီ? "

 သျှားမင်း ကို မျက်စောင်းထိုးပြီး နှုတ်ခမ်းလေးကို မခို့တရို့ကိုက်ရင်း 

 " ဘာ ဘေဘီ လဲ မင်းသေချင်နေပြီလား… ဒါနဲ့ ငါ့အိမ်ကိုဘာကိစ္စရှိလို့ဘာတာလဲ " 

 " ကိစ္စရှိ မှ လာရမှာလား ဘေဘီ ရဲ့ " 

 " တောက်! ငါ လုပ်ရင်မင်းသေတော့မယ် သိလား "

 သျှားမင်း ကို ပြောရင်း အိမ်ပေါ်တက်ဖို့အလုပ်မှာ အမေချစ်က

 " သား…သူငယ်ချင်း က ချစ်လို့စတာကို ကွယ်… ပြီးတော့ သားလေး သျှားမင်း ဆိုတာကသူစိမ်းတွေလဲ မဟုတ်ဘူး လေ " 

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Tempat cerita menjadi hidup. Temukan sekarang