အပိုင်း - ( 13 )

1.6K 44 0
                                    

Unicode

နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ

 အပိုင်း - ( 13 ) 

 " သျှားမင်း သာလေး…..အန်တီ့သားလေး ချစ်ခွန်းကိုမတွေ့ပါလား…."

 " အန်တီ ခရီး မသွားခင် စားလို့ရအောင်တဲ့….မုန့်သွားဝယ်တယ် "

 " အန်တီ ခရီးသွားပြီး ပြန်လာကတည်းက သတိထားမိတယ် သားလေးက အရင်လိုမဟုတ်တော့ဘူး အမေကိုလဲ မချွဲစဖူး ချွဲတယ် ၊ ပြီးတော့ အရမ်းပျော်နေသလိုပဲ အမြဲရယ်နေတယ်…. သူ့အဖေ ဆုံးပြီးကတည်းက သားလေး မရယ်တော့တာ….အခုမှပြန်တွေ့ရတယ်…..အန်တီ့အထင်ပြောရရင် သားလေး သျှားမင်း ကြောင့်ထင်တယ်….အန်တီကလဲ နောက်ပိုင်း အလုပ်ကိစ္စတွေများလာရင် သားလေးကို စောင့်ရှောက်ပေးနော် "

 " စိတ်ချ အန်တီ….သူ့ကို ဘယ်သူမှ လက်ဖျားနဲ့တောင်မထိစေရဘူး "

 " အေးပါကွယ်….အန်တီသားကိုယုံပါတယ်….ဟော ဟိုမှာ သားလေး တောင်ပြန်လာပြီ " 

 " မေမေ့အတွက် ရှမ်းခေါက်ဆွဲ….. ဝယ်လားတယ်….ပြီးတော့ လိမ္မော်သီး ရယ် မုန့်တွေလဲပါတယ်… .မေမေက ကားစီးရင် မူးတတ်လို့လေ… ..သားအခုမေမေစားဖို့ ရှမ်းခေါက်ဆွဲသွားပြီး ထည့်လိုက်ဦးမယ် နော် "

 " ချစ်ခွန်း ငါလဲ ဝိုင်းကူပေးမယ်လေ…"

 " ဒီကလေး နှစ်ယောက်ကတော့လေ အစတုန်းကကြတော့ မတည့်တာ သူတို့အပြင်မရှိဘူး ၊ အခုကြတော့လဲ… တွေ့ရတာစိတ်ချမ်းသာစရာပါလား " 

--------------------------------------------------------------------

 " ကဲ….ယောက္ခမကြီး လဲသွားပြီ….ဆိုတော့….."

 " ရှမ်းခေါက်ဆွဲ သွားပြီးစားမယ်လေ…..လှည်းတန်းဘက်မှာ "

 " ချစ်လေးကလဲ ကွာ….."

 " ချွဲမနေနဲ့ ကိုယ်က ဘာလုပ်ချင်လို့လဲ ပြောကြည့် "

 " ချစ်လေးနဲ့ဖက်ပြီး အိပ်ချင်တာ…."

 " သိပါတယ်… .ကိုယ်က ပြီးရင် စိတ်တွေကပါလာရောလေ….မရဘူး ရှမ်းခေါက်ဆွဲ စားချင်လို့ပါဆို မကျွေးဘူးလား "

 " စိတ်မကောက်ပါနဲ့ကွာ…..ချစ်လေး….ချစ်လေးးးး လို့….ချစ်လေးး… ကိုယ်ဘာပြောထားလဲ….စိတ်ကောက်ရင် ချစ်လေးရုပ်ဆိုးသွားမှာနော်… ရုပ်ဆိုးချင်လို့လား…..ပြော "

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Where stories live. Discover now