အပိုင်း ( 9 )

1.8K 55 9
                                    

Unicode

နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ

 အပိုင်း ( 9 )

 " ချစ်ခွန်း… "

 " ငြိုးမာန် ပါလား… ဒီဆိုင်ကို ဘယ်လိုရောက်နေတာလဲ "

 " ကိုယ် ဒီဆိုင်မှာ စားနေကြလေ… အခုပဲစားပြီးလို့ ထလာတာ...အော် မေ့နေတာ...မနေ့က ချစ်ခွန်းရဲ့ ပိုက်ဆံအိတ်နဲ့ Power Bank အကို့ဆီပါလာတယ်နော်… ခဏစောင့် ကိုယ် ကားပေါ်မှာ သွားယူလိုက်ဦးမယ် "

 အတွေးများစွာနဲ့တွေးရင်း သျှားမင်းတစ်ယောက်... ချစ်ခွန်း မျက်နှာလေးကိုပဲ သေချာကြည့်နေပါတော့တယ်...။ 

 " ရော့… ချစ်ခွန်း… ကိုယ်သွားလိုက်ဦးမယ်...အော် သျှားမင်း သွားလိုက်ဦးမယ်နော် "

 " ချစ်ခွန်း ငါ...ငါလေ…"

 " မင်း...စားလို့ပြီးရင် လိုက်ခဲ့ ငါသွားနှင့်ပြီ "

 " သျှားမင်း...သျှားမင်း… ငါပြောတာနားထောင်ပါဦး "

 ချစ်ခွန်း အပြောတောင် မစောင့်ပါ...။ သျှားမင်း ရဲ့ အမူအယာတွေကို ချစ်ခွန်း သိတာပေါ့...သိလို့လဲ သူစိတ်မကောင်းဖြစ်သလို...သျှားမင်း တခုခုဖြစ်မှာလဲစိုးရိမ်တာနဲ့ အိမ်ကိုအမြန်ပြန်ခဲ့ရတာပေါ့ ။

 "သျှားမင်း မင်းဘာလို့ အဝတ်အစားတွေသိမ်းနေတာလဲ… ငါနဲ့အတူမနေတော့ဘူးလား...တခုခုပြန်ပြောဦးလေ...သျှားမင်း မင်းဘယ်ကိုမှမသွားရဘူး… သျှားမင်း "

 " မင်း ငါ့ကိုလက်စားချေလို့ ဝပြီလား...လိုသေးလား...ငါဘာလုပ်ပေးရဦးမလဲ "

 " မင်းဘယ်လိုပြောလိုက်တာလဲ " 

 " မင်းပြောခဲ့တာတွေလေ မင်းခံစားရလိုပြန်ခံစားစေရမယ်ဆိုတာလေ… မင်းနိူင်ပါတယ်… ငါ့ကိုအခုလိုဖြစ်အောင်လုပ်နိူင်တာ မင်းတစ်ယောက်ပဲရှိတယ် "

 " ငါပြောတာနားထောင်ပါဦးလား ကွာ...မင်းထင်နေသလိုမဟုတ်ပါဘူး… သူနဲ့ငါက သူငယ်ချင်း တွေပါ…"

 " သူငယ်ချင်းတွေက အတွဲခုံကြည့်တာလား…ဒီမှာ  မင်းပိုက်ဆံအိတ်ထဲက ထွက်ကျသွားတဲ့ ရုပ်ရှင်လက်မှတ်ရော့ … "

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Donde viven las historias. Descúbrelo ahora