Unicode
အပိုင်း ( ၂ )
" မင်း ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲ ဝင်လာတာလဲ အခုချက်ချင်း ထွက်သွား "
" မသွားဘူး "
" သျှားမင်း "
" ဘာလဲ "
" သွား ကိုယ့်အိမ်ကိုယ်ပြန်တော့.... သူများအိမ်ကို ဝင်ချင်တိုင်းဝင်လာရလား တံခါးလေးဘာလေး ခေါက်ပါလား လူမှု့ရေးကို နားမလည်ဘူး "
ပွစိ ပွစိ ပြောနေတဲ့ ချစ်ခွန်းကိုကြည့်ရင်း ပြုံးစိစိနဲ့သာ ကြည့်နေပါတော့တယ် ။
" မင်းကလေ ပြောလဲပြောတတ်တယ်နော် အိပ်နေတဲ့သူကိုနိုးမှာစိုးလို့ တံခါးမခေါက်တာအပြစ်လား လူမှု့ရေးမသိတတ်တာလား ရှင်းပြပါဦး ဘေဘီ "
" မင်း ကြီးတော်ကို ဘေဘီပါလား "
" ငါ့ ကြီးတော်က သဲမာပါ ဘေဘီမဟုတ်ပါဘူး မင်းသိရဲ့သားနဲ့ "
" ငါ ငါကွာ "
" လုပ် လေ ဒီတခါထပ်ပြီးခြေချော်ရင် မဖမ်းပေးတော့ဘူးနော် လွှတ်လိုက်မှာ... အော်သိပြီ ခုနကလို ငါ့ရင်ခွင်ထဲဝင်ချင်လို့ ဉာဏ်ဆင်နေတာမလား "
" ဟွန့် ဝေးသေးတယ်... ."
နှုတ်ခမ်းလေးကို ထှော်ပြီး ပြောလိုက်တဲ့ ချစ်ခွန်းကိုကြည့်ပြီး ရင်ခုန်သံတွေက ထိန်းမရတော့လောက်အောင်ခုန်လာပါတော့တယ် ။ သူ့ကိုယ် သူတောင်ဘာဖြစ်မှန်းမသိပါ။ ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း စားလဲအတူတူ အိပ်လဲအတူတူ နဲ့ နေခဲ့တာတောင် အခုလိုတခါမှမစဉ်းစားခဲ့မိပါ ။ အခုဘယ်လိုဖြစ်လာတာပါလိမ့် ။ ဘုရား ဘုရား...ငါဘယ်လိုဖြစ်တာပါလိမ့် ။
" သျှားမင်း သျှားမင်း ငါပြောတာကြားလား "
" ဟင် ပြော ပြောလေ ဘာလဲ "
" ငါရေ ချိူးမလို့ အရှေ့က ဖယ်လို့ပြောတယ်လေ မင်းနားကမကြားတော့ဘူးလား ကန်းနေတာလား "
" မကြားလိုက်လို့ပါကွာ မင်းကလဲ သွား သွား "
အစက တစ်ခွန်းမကျန်ပြန်စနေတဲ့ သျှားမင်းတစ်ယောက် သူ့ရင်ခုန်သံတွေ ရဲ့ အဓိပ္ပာယ် ကိုအရမ်းသိချင်လာပါတော့တယ် ။
KAMU SEDANG MEMBACA
နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]
RomansaUnicode နှုတ်ခမ်းတစုံရဲ့ဆန္ဒ BL Series ( Review) ကန်ရေပြင်ကြီး ရဲ့ အလှကို ငေးကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ... အေးချမ်းသလိုခံစားရတယ်... အရမ်းလဲကျေနပ်တယ်.... ကံကြမ္မာကြီးရယ် တခါတလေလေးတော့ ပျော်ရွင်မှု့တွေပေးသနားပါဦးနော်... အရမ်းပင်ပန်းနေပါပြီ...