အပိုင်း ( 3 )

2.8K 77 2
                                    

Unicode

နှုတ်ခမ်းတစ်စုံရဲ့ ဆန္ဒ

 အပိုင်း - ( 3 ) 

 " သျှားမင်း သျှားမင်း… … မင်း  ဖုန်းက Flash မီးလေး ဖွင့်ပေးပါလား… လုပ်ပါ ကွာ "

 ငယ်ငယ်လေးကတည်းက အမှောင်ကို အရမ်းကြောက်တတ်တဲ့ ချစ်ခွန်းကို သနားလာတာနဲ့ သူ့ကိုရင်ခွင်ထဲထည့်ပြီး ဖတ်ထားလိုက်ပါတယ်။ အရင်ကတည်းက မီးပျက်လို့ကြောက်ရင် ဖက်ပေးနေကြဆိုတော့ ချစ်ခွန်းက 

ဘာမှမခံစားရပေမယ့် သျှားမင်း ရဲ့ ရင်ထဲမှာတော့ ဗြောင်းဆန်နေပါတယ် ။

အခုချိန်မှာတော့ ချစ်ခွန်းအပေါ် ခံစားချက် ရှိနေတယ်ဆိုတာ သူတစ်ယောက်ကလွဲလို့ ဘယ်သူမှမသိပါ ။ သျှားမင်း သိရင်လဲ စိတ်ဆိုးမှာစိုးလို့ မသိသလိုသာနေခဲ့ရပါတယ် ။ သူ့အဖြစ်ကလဲပြောတော့သာ လွယ်တာပါ ကိုယ်ချစ်ရတဲ့သူနဲ့အတူနေပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေရတာလောက် ပင်ပန်းတာမရှိဘူးလေ ။

 " ချစ်ခွန်း မင်းအရမ်းကြောက်နေလား ဟင်... ငါ ရှိတယ်နော် မကြောက်နဲ့ "

 " အင်း ကျေးဇူးပါကွာ … တော်သေးတာပေါ့ ငါတစ်ယောက်တည်းရှိတဲ့ အချိန်သာ မီးပျက်သွားရင် သေပြီလေ…"

 " မင်းကလဲကွာ တက္ကသိုလ် ကတောင်ဘွဲ့ရပြီးနေပြီကို အခုထိကြောက်နေတုန်းပဲ ကလေးလဲမဟုတ်တော့ဘူး "

 " ဘာဆိုင်လဲ ဘွဲ့ကသက်သက် ကြောက်တာက သက်သက်လေ… "

 " အေးပါကွာ မင်းကိုငါ ပြောမနိူင်ပါဘူး အလျော့ပေးပါတယ် "

 " အယ်လဲ့ အရင်ကဆို တခွန်းမကျန်ပြန်ပြောတဲ့သူကအခုကြတော့

အရှုံးပေးနေပါလား ကွ "

 " မင်းကကြောက်နေတဲ့အချိန်ဆိုတော့ သနားလို့ အလျော့ပေးထားတာ "

 " သျှားမင်းငါ ထမင်းကြော်စားချင်တယ် "

 " ဟိုနေ့ က စားတဲ့ဆိုင်မှာ သွားစားမလား အဲ့ဆိုင်က စားလို့ကောင်းတယ် "

 " အင်း ငါပြောတာလဲ အဲ့ဆိုင်မှာပဲ စားမယ်ပြောတာလေ မီးလဲပျက်နေတော့ အိမ်မှာမနေချင်ဘူး "

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Donde viven las historias. Descúbrelo ahora