အပိုင်း - ( 11 )

1.7K 51 2
                                    

Unicode
နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ

 အပိုင်း - ( 11 )

 " ချစ်လေး ကိုယ်ပြန်လာပြီ ထတော့… ချစ်လေးကြိုက်တဲ့ ပုဇွန်ဆန်ပြုတ်လေးရယ် ၊ Season က ပူတင်းရယ် နွားနိူ့ရယ် ဝယ်လာတယ်...ပြီးတော့ ဆေးတွေလဲပါတယ် "

 " ဝယ်လာတာများလိုက်တာ… တစ်ယောက်တည်း ဘယ်လို ကုန်မှာလဲ "

 " ရတယ် ချစ်လေး စားသာစား….ချစ်လေး စားပြီးပိုမှာမပူနဲ့ ကိုယ်အကုန်စားပေးမယ် ဟုတ်ပြီလား…"

 " စားပြီးသားကြီးကို မကျွေးချင်ပါဘူး...အသစ်တစ်ပွဲမှာပေးမယ်လေ…"

 " ချစ်လေးစားထားတာပဲစားမှာ ရတယ်...ကိုယ်တို့က အခုဆိုရင် လင်မယားလိုတောင်ဖြစ်နေပြီလေ...ဟုတ်တယ်မလား "

 " ဘာတွေပြောနေမှန်းလဲမသိဘူး….အား ကျွတ် ကျွတ်… တော်တော်နာနေတာပဲ ငါ့မှာ Toilet သွားတောင် သွားမရဘူး...တော်ပြီ နောက်တခါ အဲ့လိုမနေတော့ဘူး…"

 " ချစ်လေးကလဲကွာ...ကိုယ်ပြောပြမယ်….ဥပမာ ကွာ...စက်ဘီး စီးတာတောင် ပထမအကြိမ် ဒုတိယအကြိမ်တွေမှာ နာတာပဲလေ ပြီးတော့ စီးတတ်သွားကြတာပဲလေ...နာတယ်ဆိုပြီး မစီးတော့ရင် ဘယ်သူမှ စီးတတ်မှာမဟုတ်တော့ဘူး "

 " ကိုယ့်ကိုပြောထားမယ်နော်...အဲ့လိုမျိူးတခြားသူတွေနဲ့မနေရဘူးနော်...နေတယ်ဆိုတာသိရင် မလွယ်ဘူး "

 " စိတ်ချပါကွာ...ကိုယ်….အဲ့လိုမဖြစ်ဘူး ချစ်လေးကလွဲရင်ကိုယ် ဘယ်သူ့ကိုမှ အဲ့လိုမဖြစ်ဘူး ဟုတ်ပြီလား…"

 " အင်း…..စားတော့မယ်လေ… "

 " ချစ်လေး အနာကမကျက်သေးဘူးဆို ဆက်ပြီး စားချင်သေးလို့လား "

 " ဘာတွေပြောနေတာလဲ ဆန်ပြုတ်ကိုပြောနေတာလေ… ကိုယ်နော် "

 " ကိုယ်က ချစ်လေးကို စတာပါကွာ…ကိုယ် ဆန်ပြုတ်ထည့်ပေးမယ်နော်… "

" အင်းးး "

 " အော် ချစ်လေး..ပူမယ်နော်… သေချာသောက် ...ပြီးရင် ရေသောက်… . အဲ့ဒါလေးကုန်မှ ပူတင်းလေးနဲ့ နွားနို့သောက်  "

 " အကုန်စားရမှာလား…..စားနိူင်သလောက်ပဲစားမယ်လေ နော်…"

 " အင်း ချစ်လေး ကုန်သလောက်ပဲစား….များများတော့စားရမယ်နော်… ဆေးလဲသောက်ရဦးမှာဆိုတော့ "

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Donde viven las historias. Descúbrelo ahora