Unicode
နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ
အပိုင်း ( 8 )
မနက်မိုးလင်းတော့ သူမရှိပါဘူး...သေချာပါတယ် သူ ချစ်ခွန်း စားဖို့တခုခုပြင်ဆင်နေတာပါ ။ သူ့အပြစ်တွေကိုသိတော့ စကားပြောဖို့ဆိုဝေးလို့...ချစ်ခွန်း ရဲ့ မျက်နှာတောင်မကြည့်ရဲပါဘူး…
" တီ...တီ..တီ.."
အိမ်ရှေ့မှာ တီးနေတဲ့ကားဟွန်းသံကြောင့် သျားမင်း မျက်နှာတချက် ပျက်သွားပါတယ် ။ သူသိနေပါတယ် အဲ့ဒါ ငြိုးမာန်ဖြစ်လိမ့်မယ်ဆိုတာ ။
" သျှားမင်း ငါ အပြင်သွားလိုက်အုံးမယ် … မင်းလဲအပြင်သွားမယ်ဆိုရင် တံခါးတွေသေချာ ပိတ်ထား "
" ချစ်ခွန်း မင်းတကယ် သွားတော့မှာလား...ပြောတော့ Bar ဆိုင်ထိုင်မှာဆို...အစောကြီးရှိသေးတယ်မဟုတ်ဘူးလား "
" ငြိုးမာန် က သူ့အမေရဲ့ကိစ္စတခုကို လိုက်ဖို့ အကူအညီတောင်းလို့ ငါ လိုက်သွားပေးမလို့ ...အော်မေ့နေလို့...ငါ့ကို ထမင်းစားစောင့်မနေနဲ့နော်… ညမိုးချူပ်မယ် "
" ငါလုပ်ထားတဲ့မနက်စာလေး မစားတော့ဘူးလား "
" မင်းပဲစားလိုက်တော့ ငါအပြင်မှာပဲစားလိုက်တေ့မယ်… "
" ကောင်းပြီလေ...မင်းက အဲ့လိုလုပ်မှ ဖြစ်မယ်ဆိုတော့လဲ "
" သွားပြီ.. တော်ကြာ ငြိုးမာန် ငါ့ကိုစောင့်နေရလိမ့်မယ် "
ဒုန်း ...ဂလွမ်း...ဒုန်း..
သျှားမင်း က ချစ်ခွန်း နဲ့အတူစားဖို့ ထမင်းကြော် ကို ကြက်ဥချောင်း နဲ့ လက်ဖက်ရည် တွေကို အကုန်သွန်ပြီး မီးဖိုချောင်မှာ သောင်းကျန်းရင်း… တစ်ယောက်တည်း ထိုင်ငိုနေပါတော့တယ်...။ အရမ်းချစ်လာရင် ယောကျာ်း တစ်ယောက်ဖြစ်ပေမယ့် ဝမ်းနည်းပြီး ငိုမိတာတော့ ဘယ်တတ်နိူင်မလဲ ။
" သျှားမင်း သျှားမင်း အဲ့ဒါမင်းအပြစ်တွေ.. .မင်းအပြစ်တွေလေကွာ...မင်းဘာလို့ အရက်တွေ မူးအောင်သောက်ရတာလဲ… မင်းဘာလို့ ဟိုတစ်ယောက်ကို သွားပြီးနမ်းမိလဲ...ငါကွာ . ..ငါ...ငါ… တော်တော်မိုက်တာပဲကွာ… "
YOU ARE READING
နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]
RomanceUnicode နှုတ်ခမ်းတစုံရဲ့ဆန္ဒ BL Series ( Review) ကန်ရေပြင်ကြီး ရဲ့ အလှကို ငေးကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ... အေးချမ်းသလိုခံစားရတယ်... အရမ်းလဲကျေနပ်တယ်.... ကံကြမ္မာကြီးရယ် တခါတလေလေးတော့ ပျော်ရွင်မှု့တွေပေးသနားပါဦးနော်... အရမ်းပင်ပန်းနေပါပြီ...