Unicode
နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ
အပိုင်း ( 7 )
" ငြိုးမာန်…မင်း Laptop ရော "
" အင်း ကိုယ် ခွန်းလေးကိုတွေ့ချင်တဲ့ဇောနဲ့ Laptop က အိမ်မှာကျန်ခဲ့တယ် "
" အဲ့ဒါဆို ခင်ဗျား အဓိကလာရတဲ့အကြာင်းက ချစ်ခွန်းနဲ့တွေ့ဖို့ပေါ့ ဟုတ်လား… "
" သျှားမင်း… "
" သူပြောတာမှန်ပါတယ်… ကိုယ်မင်းနဲ့တွေ့ချင်လို့ ဒီတိုင်းပြောရင် ခွန်းလေး မလာဘူးဆိုတာ ကိုယ်သိနေလို့ "
" သူငယ်ချင်းတွေပဲလေ… ငြိုးမာန် ကလဲ အဲ့လိုလုပ်ပါ့မလား "
" သူငယ်ချင်းတဲ့လား …ခွန်းလေး "
သင်တန်းတတ်တုန်းက ချစ်ခွန်း ကို သဘောကျလို့ သင်တန်းကသူတွေတောင် အထင်မှားလောက်အောင် အသေးစိပ်ကအစ ဂရုစိုက်ပေးတတ်တာကို ချစ်ခွန်းက သိနေတယ်လေ။ ပြိီးတော့ နောက်ပိုင်း သင်တန်းပြီးတာတောင် လိုက်နေလို့ နယ်ဘက်ကိုပြောင်းသွားပြီလို့ပြောရလောက်တဲ့အထိပါပဲ။ ကံကောင်းတာက ချစ်ခွန်းနေတဲ့အိမ်ကို သူမသိတာပါ။
" သူငယ်ချင်းပဲပေါ့ ငြိုးမာန် ရ… "
" ထားပါတော့ လေ… ခွန်းလေး သဘောပါ "
" ချစ်ခွန်း သူ့Laptop လဲမပြင်ဘူးဆိုတော့ ငါတို့ပြန်ကြရအောင် "
" နေပါဦး မင်းတို့က ဘာတွေလဲ… ဘယ်လိုပတ်သက်နေတာလဲ "
" သူငယ်ချင်း ဆိုလဲ ဟုတ်တယ်...ညီအကို ဆိုလဲ ဟုတ်တယ်… လင်..မယား...ဆိုလဲ ဟုတ်တယ် "
" သျှားမင်း မင်း "
" လာသွားမယ်… အလကား အထုပ်ရှုပ်တွေ "
--------------------------------------------------------------------
" ချစ်ခွန်း အဲ့ကောင်မင်းအပေါ်မရိုးသားဘူးနော် "
" ဘာလို့ လဲ သျှားမင်း သူက ဒီတိုင်းပါဘဲ "
" ဒီတိုင်းပဲ ဟုတ်လား… အဲ့ဒါဆို Laptop ပြင်မယ်ဆိုပြီး မင်းကိုဘာလို့လိမ်ပြီးခေါ်တာလဲ...ငါသာ မပါဘူဆိုရင် မင်းဘယ်လိုလုပ်မလဲ မင်း ကိုငါစိတ်မချတော့ဘူးကွာ..."
YOU ARE READING
နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]
RomanceUnicode နှုတ်ခမ်းတစုံရဲ့ဆန္ဒ BL Series ( Review) ကန်ရေပြင်ကြီး ရဲ့ အလှကို ငေးကြည့်ရင်း ကျွန်တော့်ရင်ထဲမှာ... အေးချမ်းသလိုခံစားရတယ်... အရမ်းလဲကျေနပ်တယ်.... ကံကြမ္မာကြီးရယ် တခါတလေလေးတော့ ပျော်ရွင်မှု့တွေပေးသနားပါဦးနော်... အရမ်းပင်ပန်းနေပါပြီ...