အပိုင်း ( 6 )

2.1K 58 0
                                    

Unicode

နှုတ်ခမ်းတစုံ ရဲ့ ဆန္ဒ

အပိုင်း ( 6 )

" မင်းက ရေချိူးတာ ကြာလိုက်တာ ... "

" သေချာချိူး နေတာလေကွာ..."

" ဟုတ်ပါပြီ... ရေကို သေချာ သုတ်..."

" သေချာ သုတ်ပြီးပါပြီကွ..."

" ပြစမ်း... ဟမ် ဒါလား သုတ်ပြီးတာ... မင်းကတော့လေ ဘယ်တော့ ဦးဏှောက်သွေးကြောပြတ်မလဲမသိဘူး... "

" ဘာလို့လဲ "

" ရေတွေ ဒီမှာ ကြည့်စမ်း...ညှစ်ချလို့တောင် ရတယ် ...မဖြစ်သေးပါဘူး မင်းကိုသေချာသင်ပေးမှ ရမယ်... "

" ငါ့ဘေးမှာ အတူအခုလိုလေးနေပေးပါလား ကွာ နော် "

" အခုလဲနေပေးနေတာပဲလေ "

" ငါပြောတာ အဲ့လိုမဟုတ်ဘူး... ကွ... "

" တော်တော့ သျှားမင်း မင်းနဲ့ငါက ယောကျ်ား ချင်းနော်... မင်း ဘာတွေစဥ်းစားနေတာလဲ "

" ငါက ယောကျ်ားတွေကို လိုက်ကြိုက်နေတာမဟုတ်ဘူးလေ... မင်းကိုပဲစိတ်ဝင်စားတာ..."

" မင်း ငါ့ကိုလာစားမနေနဲ့ ဟေ့ကောင်...အိပ်တော့ "

" ငါအတည်ပြောနေတာ... မင်း ဟိုကောင်နဲ့ စကားတွေပြောတုန်းက ငါဒေါသတွေအရမ်းထွက်တယ်... အဲ့ဒါဘာကြောင့်မှန်းငါမသိဘူး... နောက်ပိုင်းမှ ပိုသေချာသွားတာ...အဲ့ဒါမင်းကို နမ်းလိုက်တဲ့အချိန်ပဲ...ငါစနောက်တတ်တာမှန်တယ် ဒါပေမယ့် အခုနောက်ပိုင်း ငါစနောက်ပြီးပြောတာမင်း ကြားရလား မကြားရဘူးလေ ဟုတ်တယ်မလား ...မင်းကိုငါ တန်ဖိုးထားတယ် ... ငါမင်းကိုချစ်နေပေမယ့် မင်း စိတ်ဆိုးမှာစိုးလို့ ငါမပြောခဲ့တာ...အခုတော့ မင်းကိုငါအဆုံးရှူံးမခံနိူင်လို့ပြောရတာ "

သျှားမင်း ပြောတာကို မျက်လုံးလေးအဝိုင်းသားလေး နဲ့ ဘာမှ မပြောပဲ ကြည့်နေတဲ့ ချစ်ခွန်း မျက်နှာလေးကို သေချာကြည့်ပြီး သူ့နှုတ်ခမ်းလေးကို တချက်နမ်းလိုက်ပါတယ် ။

" သျှားမင်း မင်း ငါ့ကိုတကယ်ပြောနေတာလား ? "

" မင်းကို ငါကနောက်နေတယ်လို့ထင်နေတာလား ငါ့မျက်နှာကိုသေချာကြည့်...ငါနောက်တခါထပ်ပြီးပြောမယ်... မင်းကိုငါအရမ်းချစ်တယ် ချစ်ခွန်း...မင်းရော ငါ့ကိုချစ်လား ? ...အိုကေ ချက်ချင်းဖြေဖို့မလိုပါဘူး... ရတယ်... မင်းကိုငါချစ်တာက ခဏတာ ပိုင်ဆိုင်ချင်တာမဟုတ်ဘူး..."

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Donde viven las historias. Descúbrelo ahora