အပိုင်း ( 18 )

1.8K 45 3
                                    

Unicode
---------------

နှုတ်ခမ်းတစုံရဲ့ဆန္ဒ

    အပိုင်း ( 18 ) 

  " ညီလေးးး  ညီလေးးးး အကို့ကိုစိတ်ဆိုးနေတာလားးး ​"

 " ဘယ်မှာလဲ အကို့သူငယ်ချင်းတွေ…….က ကားတောင်မကြာခင်ထွက်တော့မှာ တစ်ယောက်မှ မလာသေးဘူး "

 " ဟုတ်ပါ့ကွာ ….အဲ့ကောင်တွေက ဘယ်တော့မှ အချိန်မှီမရောက်ကြဘူး "

 " အော် ဟုတ်လားး "

 " အင်းးး ဟုတ်တယ် ညီရ "

 " ဘာ ဟုတ်တယ်လဲ …..ညီသိတယ် အကို ညီနဲ့နှစ်ယောက်တည်ခရီးထွက်ဖို့တမင်လုပ်ထားတာမလား " 

  " သားရေ သားဖုန်းကျန်ခဲ့တယ်ရော့…..တော်သေးတာပေါ့ ဖုန်းမြည်သံကြားလို့ ကြည့်မိမှသိတာ မဟုတ်ရင် ကျန်ခဲ့တော့မှာ  " 

  " ဟုတ်လားမေမေ…...ဘယ်သူဆက်တာလဲမသိ……..အော် ကျော်စွာ ဆက်တာမေမေ……..သားပြန်ဆက်လိုက်ဦးမယ်…… ဟလို…...ဟလို ကျော်စွာလားးး...အေးငါမင်းဖုန်းခေါ်တာတွေ့လို့ "

 " မင်းးဖုန်းကလဲကွာာ အရေးအကြောင်းဆိုခေါ်မရဘူး "

 " ဘာလဲ မင်း ပိုက်ဆံချေးဦးမလို့လား ...ငါ့မှာမရှိဘူးနော် ကြိုပြောထားတာ "

 " ငါအကောင်းပြောမလို့ကွ…….အခု သျှားမင်း အိမ်မှာ အဖျားတွေအရမ်းတတ်နေတာ  အဲ့ဒါမင်းသိလား "

 " ဟမ် ! မင်းးး မင်းးးး ဘာပြောလိုက်တယ် …..ကျော်စွာ ငါ့ကိုပြောပါဦး "

 " မင်းမသိဘူးလား …….. ဟိုနေ့က သူမင်းအိမ်ကိုလာကတည်းက ဖျားနေတာ မင်းကိုခေါပြီးဆေးခန်းပြမယ်ပြာပြီးထွက်သွားတာ !"

   ကျွန်တော်အရမ်းစိတ်မကောင်းဖြစ်မိတယ်…… အခုမှ သေချာစဥ်းစား မိတယ် သူအဲ့နေ့ က မျက်နှာမကောင်းဖြစ်နေတယ် …...သူ့ခြေလှမ်းတွေက တုန်ရီနေတယ်……လေ …..သူအရင်ကတည်းက ခေါင်းမာတတ်တဲ့သူ ဆိုတာ ကျွန်တော်ဘာလို့မေ့သွားပါလိမ့်……….

  " ချစ်ခွန်းငါပြောတာကြားလား "

 " သြော်အေးး ကြားတယ် …..ငါအခု သျှားမင်း အိမ်ကို လာခဲ့မယ် နော် …….ခဏပဲစောင့် "

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Tempat cerita menjadi hidup. Temukan sekarang