အပိုင်း ( 4 )

2.4K 74 2
                                    

Unicode

နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ

 အပိုင်း ( 4 )

" မင်းဘေးကဖက်ခေါင်းဦးကို ယူတာပါကွာ… မင်းကဘာလုပ်တယ် ထင်လို့လဲ "

 " မသိဘူးလေ မင်းက ငါ့အပေါ်ကိုရုတ်တရပ်ရောက်လာတာကိုး… "

 " အဲ့ဒါကြောင့်ကိုး မကြောက်ပါနဲ့ ကွာ မင်းကလဲ… ငါမင်းမကြိုက်တာကို ဘာမှမလုပ်ဘူး "

 " ဒါနဲ့လေ သျှားမင်း မင်းကိုငါ သိချင်တာလေးတခုလောက် မေးကြည့်လို့ရမလား "

 " အင်းမေးလေ ဘာမေးမလဲ "

 ရုတ်တရပ် သျှားမင်းဘက်လှည့်ရင်း ချစ်ခွန်း က သိချင်တာကို စဥ်းစားနေတာကို ချစ်ခွန်းက သေချာကြည့်နေပါတော့တယ် ။

 " မင်း အချစ်ဆိုတာကို ဘယ်လိုမြင်လဲ "

 " မမြင်ဘူးလေ "

 " သျှားမင်း ငါကအကောင်းမေးနေတာကို… "

 " ငါလဲအကောင်းပြောနေတာပဲလေ အချစ်ဆိုတာ မြင်လို့မရဘူး… ခံစားရတာကွ… "

 " မင်းပြောတာလဲ ဟုတ်တာပဲ… ဒါနဲ့ ချစ်တဲ့သူဆို ရင်ခုန်တယ်ဆိုတာကရော… "

 သျှားမင်း ရုတ်တရပ် အံ့သြ သွားပါတယ်… သူ့ခံစားချက်တွေကို ချစ်ခွန်းကသိနေပြီလားပေါ့...နောက်ထပ်မေးခွန်းမေးတော့မှ သူသက်ပြင်းချနိူင်ပါတော့တယ်

 " ငါက တခါမှချစ်သူမထားဘူးဘူးကွ အဲ့ဒါကြောင့် မင်းကိုမေးတာ… မင်းက ချစ်သူတွေကို ထည်လဲတွဲတဲ့သူဆိုတော့ မေးကြည့်ရတာပေါ့… ပြောပါဦး မင်းရဲ့အတွေ့အကြုံလေးတွေကို… "

 သျှားမင်း တစ်ယောက် ဒုက္ခရောက် ပြီပေါ့… အရင်ကပေါက်ကရတွေလုပ်ခဲ့သမျှကို သူချစ်ရတဲ့သူကသိနေတာဆိုတော့ ဘယ်လိုပြောရမှန်းမသိ အခက်တွေ့နေတုန်းမှာပဲ ချစ်ခွန်း က မပြောဘူးလားဆိုတဲ့ အကြည့်နဲ့ နှုတ်ခမ်း ဆူပြီး ကြည့်လိုက်တော့ သျားမင်း တချက်လန့်သွားပါတယ်…

 " အေးပါကွာ ပြောပါ့မယ်နော်… ငါအရင်ကချစ်ခဲ့တယ်ဆိုတာက ငါ့အချစ်တွေကိုစမ်းသပ်နေတာကွ "

 " ဟမ်…အချစ်ကို စမ်းသပ်တာဟုတ်လား… ဘယ်လိုလဲကွ "

 " အဲ့ဒါက ဒီလိုကွ…အဲ့လူတစ်ယောက်ကို တကယ်ချ်စမချစ်သိချင်ရင် သူ့နှုတ်ခမ်းလေးကို နမ်းကြည့်ရတယ်တဲ့ နမ်တဲ့နှုတ်ခမ်းလေးက ချိူနေရင် အဲ့ဒါမင်းရဲ့ ဖူးစာရှင်ပဲတဲ့…"

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Opowieści tętniące życiem. Odkryj je teraz