အပိုင်း ၂

848 49 3
                                    


ဟိုနေ့ကမွေးဖွားဖို့ရောက်ရှိလာတဲ့ ဒေါ်နီလာ'ဆိုသည့်အမျိုးသမီးဆီသို့ ‌ယနေ့အထိ လူနာအခြေအနေလေးတောင်ဘယ်သူမှ လာရောက်မေးမြန်းမူ့မရှိတာကြောင့် ဂျီမင်' သူမအား သနားနေမိတယ်။ ထိုအကြောင်းအရာနဲ့ပတ်သက်ပီး စိတ်ထဲမှာလဲ ထင်ရာတွေလိုက်တွေး‌ေနမိ သေးသည်.။

လူနာများရဲ့ ဆေးမှတ်တမ်းများစစ်ဆေးနေရင်း အတွေးများစွာက တစ်နေရာဆီသို့........

"ကြည့်ရတာ ဒေါ်နီလာနဲ့ ဟိုကောင်လေးနဲ့က မိဘတွေသဘောမတူဘဲ ယူထားကြတာနေမှာ ဒါကြောင့် ဟိုလူရဲ့ မိဘတွေကလာမတွေ့ကြတာလား? ဒေါ်နီလာရဲ့ ဆွေမျိုး တွေကရော သူမမှာရော ဆွေးမျိုးသားချင်းမရှိတာလား? ဒါမဟုတ် ဟိုလူက သူမကို မလိုချင်တော့လို့ ပစ်ထားခဲ့တာလား? အိုး.... တွေးရင်း ခေါင်းတွေရှုပ်လာပီ...

အဖြေရှာမရတဲ့ အတွေးနယ်ပယ်ထဲ၌ ဂျီမင် ခေါင်းချာ"လည်နေလေသည်။ ကိုယ်အကြောင်းမဟုတ်ပဲ သူများကိစ္စကို ဝင်ပါတက်သည့် သူ့အကျင့်ကြောင့် အချိန်တိုင်း သူမအကြောင်းတွေသာတွေးရင်း ဂျီမင်မှာ အလုပ်ပိုတစ်ခုရနေမိတယ်။ အခုချိန်ထိလဲ မေးခွန်းများရဲ့ အဖြေကထွက်မလာသေးပါ။

ဒေါ်နီလာရဲ့ အသားအရေက ခက်ညို" နဲ့မို့ ဘဝတွက်
ခက်ခက်ခဲခဲရုန်းကန်နေရလို့ထင်ပါရဲ့ အခြေခံလူတန်းစားမှန်း ဂျီမင်' သိသည်။
ဟိုလူကျတော့ ဖြူဖြူနုနုလေးနဲ့မို့ ပိုက်ဆံချမ်းသာတဲ့ အသိုင်းအဝိုင်းကြီးထဲကဆိုတာ ကြည့်တာနဲ့သိနိုင်တယ်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဟိုအူကြောင်"နဲ့လူကိုသာ ဂျီမင် အပစ်တင်မိသည်။

"ဟိုလူက သူ့သွေးသားကို ပင်"ပန်း"မွေးပေးထားတဲ့ ကိုယ်မိန်းမ နားမှာတောင် အချိန်ပြည့်ရှိမနေပေးဘူး။တော်"ကိုယ်ချင်းစာတရားနည်းတဲ့ လူပဲ။ ဒါပေမဲ့လဲ ဒေါ်နီလာကိုက ကံမကောင်းတာပါ။ အဲ့လူနဲ့ကံပါလာတာကိုက ကံဆိုးတယ်ပြောရမှာပဲ ဟူးးးး.......

တစ်ဖက်လူအကြောင်း ကောင်း"မသိပဲ အပစ်တင်ဝေဖန်ရင်း သက်ပြင်းတစ်ချက်ကို ဂျီမင် လေးပင်စွာချမိ၏။ ဟိုကြောင်တောင်" နဲ့လူကိုလည်း ဒီရက်တွေမတွေ့မိတာကြောင့် ရှာနေမိသည်။ သူ့ကို ဒေါ်နီလာမွေးဖွားတဲ့နေ့ကပဲ တွေ့လိုက်ရတယ်။ ထိုအခြေနေကြောင့် ဂျီမင် ကောက်ချက်ချကာ သူထင်တာ မှန်နေသည့်ဟုလဲ တစ်ထစ်ချယုံကြည်နေမိသည်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now