အပိုင်း ၂၆

334 14 0
                                    


နှစ်တွေ အလီလီပြောင်းလာခဲ့တယ် ထယ့် အတွက်တော့ အိမ်မက်တို့က ခြောက်လန့်နေတုန်းပင်......

"မောင်!

"မင်း ..ငါ့ကိုဘယ်အချိန်ထိလိုက်နှောက်ယှက်နေမှာလဲ....

"ဟားးး!!ဟား

ထိုလူရဲ့အရိပ်နှင့်ရီမောသံတို့က ပျောက်ကွယ်သွားရပြန်ပီ။

"ထွက်သွား ထွက်သွားလို့ ဟင်းး!

အိပ်နေရင်း နှုတ်မှာ ကယောင်ကတမ်း ထထအော်နေမိတာ ထယ့် အကျင့်တစ်ခုလိုတောင်ဖြစ်နေရပီ။ ကိုယ့်အကြောင်းမသိသေးသူဆိုရင် ကိုယ့်ကိုအရူးလို့တောင်ထင်နိုင်သည်။

နှစ်တွေလဲကြာပီ ထိုအိမ်မက်တစ်ခုထဲကိုသာ စွဲမြဲစွာမက်နေ၏။ အိမ်မက်တစ်ခုကို နှစ်နဲ့ချီပီးမက်နေတာဟာ ထူးဆန်းလွန်း‌ေနသည်။ ကွဲပြားသွားခြင်းမရှိ။ အိမ်မက်မက်တိုင်းလဲ ထိုလူကပါနေမြဲ။ ဘာကြောင့်လဲ အဖြေရှာမရ။ ထို အိမ်မက်ကြောင့် ထယ် အိပ်ပျက်ရတဲ့ရက်တွေလဲ မနည်းတော့ပါ။ အခုလဲ ဒီအိမ်မက်ကြောင့်ပဲ တစ်ရေးနိူးလာရခြင်းဖြစ်သည်။

"အင်းး! ဟင်းး!

တွေးနေရင်း ရုတ်တရက် ဟျောင်းငြီးငြူးသံလေးကြောင့် ထယ် သတိပြန်ဝင်လာကာ အိပ်နေသူကိုငုံ့ကြည့်လိုက်သည်။  ‌သူ့ဘေးတွင် နှစ်နှစ်ကြိုက်ကြိုက်အိပ်ပျော်နေသူက ထယ့်ကြောင့် အိပ်ရေးပျက်ရပြန်ပီ။

"မောင်  ဘာဖြစ်လို့လဲဟင်  အိမ်မက်မက်ပြန်ပီလား

ဟျောင်းက ထယ့်ကြောင့် နိုးသွားခြင်းဖြစ်မည်။ နိုးနိုးချင်းထယ့်ကိုကြည့်၍ မေးသည်။ ဟျောင်းရဲ့ အကြည့်တို့က စိုးရိမ်စိတ်အပြည့်နှင့်မို့......

"ဟင့်အင်း မဟုတ်ပါဘူး မောင် အိမ်လို့မပျော်လို့ပါ

"ဟင်

ထယ် အိပ်မပျော်သည်ကြောင့် စိတ်ပူသွားသည်ထင်၏။ စိုးရိမ်တဲ့အကြည့်တို့ကြောင့် ဟျောင်း စိတ်ပူနေမှာကိုသိသည်။ ဟျောင်းကို စိတ်မပူစေချင်တာကြောင့်...........

"ဟျောင်း!

"ဟင်

"မောင့်ကို စိတ်ပူနေတာလား

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now