အပိုင်း ၂၃

330 21 3
                                    


မှောင်မိုက်မူ့ဖြင့် ဖုံးလွှမ်းနေသော လမ်းမထက် အချိန်အကြာကြီး တစ်ယောက်ထဲလျှောက်လှမ်းနေမိသည်။

အခု ထယ် သူ့ကိုသူဘယ်ရောက်လို့၊ ဘယ်ပေါက်မှန်းလဲ မသိ။ ဟျောင်းကလဲ အနားမှာ ရှိမနေပါ။ ခေါ်သံတစ်ခုကြောင့် ထယ် အသံရှိရာသို့ ဦးတည်သွားနေမိခြင်းဖြစ်သည်။

"မောင် လာလေ မင်ဆီ

"ဟင်

ရုတ်တရက် ထယ်ခြေအစုံရပ်မိသည်။ လမ်းဆုံးခါနီးမှာ လူတစ်ယောက်က ထယ် ကိုလက်ယှက်ခေါ်နေ၏။
ခန္ဒာကိုယ်ပုံစံက အချိုးအစားကျသည်ထဲပါ၏။ လူကောင်ကသေးသေးလုံးလုံးလေး ချစ်ဖို့တော့ကောင်းသည်။ ဟျောင်းနဲ့ဆို အရပ်ကမတိန်းမယိုင်းဖြစ်မည်။ အသား‌ရေးကတော့ ဖြူဖြူဖွေးဖွေးလေးရယ်။ ယောက်ကျားလေးဆိုပေမဲ့ ကျားကျားယားယားပုံစံမျိုးမဟုတ်ပေ။ နုနုနယ်နယ်ပုံစံမျိုးဖြစ်သည်။

"မင်းက ဘယ်သူလဲ ပီးတော့ ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ

ကျတော် မေးတော့ ထိုလူ့ဘက်တုန့်ပြန်မူ့မရှိပါ။ အမှန်တိုင်းပြောရရင် ထိုလူကို ထယ် မြင်လဲမမြင်ဖူးသလို၊ သူနေထိုင်တဲ့ ပတ်ဝန်းကျင်မှာလဲ ဒီလိုမျက်နှာမျိုး ရင်းနှီးစွာမတွေ့ဖူးပါ။ မျက်နှာစိမ်းတစ်ယောက်ဖြစ်တာမို့ မေးလိုက်ခြင်းဖြစ်သည်။

ထိုလူကတော့ ခေါင်းကိုငုံ့၍ အရှိုက်ကြီးစွာ ငိုကြွေးနေ၏။

"မင်းဘယ်သူလဲလို့ မေးနေတယ်လေ

"ဟင့်!! ဟင့်!!

ထယ် မေးတော့ အရှေ့ကလူကငိုမြဲတိုင်း ငိုနေလေသည်။
ငိုရလွန်းလို့ထင်သည် မျက်နှာတစ်ခုလုံးရစရာမရှိအောင် နီရဲလို့နေသည်။ အသားရေဖြူသူမို့ ပို၍သိသာနေ၏။

"မောင့်ရဲ့ မျက်ဝန်းတွေ ဟင့်!

"မင်း ဘ ာ ဘာကိုပြောချင်တာလဲ

"ဟုတ်တယ် မောင့်ရဲ့မျက်ဝန်းလေးတွေ မင် သိပ်မြတ်နိုးရတဲ့ မောင့်ရဲ့ မျက်ဝန်းပြာပြာလေးတွေ ဟင့်!!

အရှေ့ကလူက ထယ်ရဲ့ မျက်ဝန်းအစုံကိုကြည့်၍ ပြောလိုက်တာဖြစ်သည်။ မြတ်နိုးဆုံးအရာတစ်ခုကို ဆုံးရှုံးလိုက်ရသည့်ပုံစံမျိုး၊ ထယ့်ကိုကြည့်‌ နေပုံကလဲ နာကျည်းမူ့အပြည့်။ ထယ်မှာပြောစရာစကားများ ကွယ်ပျောက်သွားရ၏။ ထယ် ခဏတာ ကြောင်နေမိသည်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now