ဒီနေ့က ကျတော့်အတွက် အထူးဆန်းဆုံးနေ့တစ်နေ့ဖြစ်သည်။
အမှောင်မိုက်ဆုံး နေ့ရက်တိုင်းကို ဖြတ်သန်းခဲ့ရပီးပီ။ လောက အလင်းရောင်နှင့် သာယာလှပတဲ့ သဘာဝအလှတရားများကို ပြန်လည် မြင်တွေရတော့မည် ဖြစ်သည်။"ထယ်
"ဟင်
"စိတ်ကို ငြိမ်ငြိမ်ထားနော်
"အင်းပါ ဟျောင်းရဲ့
ထယ်တော့ မသိ ကျတော်ရင်ထဲ စိုးရိမ်နေမိသည်။ Dissection ပီးတာတောင် စိုးရိမ်စိတ်က လျော့ကျသွားခြင်းမရှိပါ။
"ကဲ အချိန်ပြည့်ပီ ကျတော်တို့ စရအောင်
ဆရာဝန်က ထယ် မျက်လုံးအစုံကို စည်းထားသော ပတ်တီးစကို စတင်ဖြေနေပါပီ။ တစ်ဖြေးဖြေး ဖြေလာတာ ပတ်တီးစ ကုန်လုနီးပါး ဖြစ်လာသည်။
"Dr ပြောတဲ့အတိုင်း လိုက်လုပ်ပေးပါ
"ဟုတ်ကဲ့
"မျက်လုံးကို ဖြေးဖြေးချင်း အရင်ဖွင့်ပါ
ဆရာဝန်ရဲ့ စကားဆုံးတော့ ထယ် မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။ မျက်လုံးစဖွင့်ဖွင့်လိုက်ခြင်းမှာပဲ အလင်းရောင် စူးစူးကို အရင်ဦးဆုံးရင်ဆိုင်ရ၏။ ခံစားချက်က တစ်မျိုးကြီးဖြစ်နေပေမဲ့ အချိန်တစ်ခုတိုင်အောင် မှောင်မိုက်စွာ နေထိုင်လာခဲ့ရသည်မို့ အခုလို ပြန်လည် အလင်း မြင်ရတဲ့အခါမျိုးမှာ ကြုံရသည့် ခံစားချက်မျိုးဖြစ်မည်။
"ဟုတ်ပီ Dr ရဲ့ လက်ကိုမြင်ရလား
"ဟုတ်ကဲ့ မြင်ရပါတယ်
"ဒါဆို အခု Dr ဘာလုပ်နေလဲ ပြောပြနိုင်မလား
"လက်ကို ဝှေ့ယမ်းနေပါတယ်
"ဟုတ်ပီ အခုရော ဘာလုပ်နေလဲ
"လက်ဝါးကို ဖြန့်ကျန့်ထားပါတယ်
"ဒါဆို အခု Drရဲ့လက် ဘယ်နှစ်ချောင်းကို မြင်ရပါလဲ
"တစ်ချောင်းပါ Dr
"အခုရော
"သုံးချောင်းပါ Dr
"Ok တော်တယ် အားလုံးအဆင်ပြေပါပီ လူနာနောက်နှစ်ရက်လောက်ဆို ဆေးရုံဆင်းလို့ရပါပီ ဗျ
YOU ARE READING
နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed )
Fanfictionနောင်ဘဝဆိုတာရှိခဲ့ရင် မောင့်အချစ်တွေနဲ့ "ထာဝရ" ပျော်ရွင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်တယ် မောင်!