အပိုင်း ၁၂

395 23 0
                                    


နောက်တစ်နေ့တွင် ဂျောင်ကု သူ့ကိုလာကြိုခဲ့သည်။ ဂျီမင် ဂျူတီက မနက်ပါဆက်တိုက်ဝင်ရတာမို့ မောင့်ကိုအားနာပေမဲ့ သိတဲ့အတိုင်း ဂျောင်ကုက ပြောရင်ပြောတဲ့အတိုင်းလုပ်တက်တာ။  ရောက်လာပြန်တော့လဲ စိတ်ရှည်ရှည်နှင့် သူ့ကို စောင့်ပေးသည်။ ဂျီမင်  မောင့်ကို ကျေးဇူးတင်မိပြန်တယ်။ ညနေ ရောကါတော့ နှစ်ယောက်တူ အိမ်သို့ ပြန်လာကြခဲ့သည်။

"မောင်

"အင်း ပြောလေ မင်

"ဒီနေ့ ဘာနေ့လဲ သိလား

"အွန်း

နှစ်ယောက်တူ လမ်းလေးလျှောက်ရင်း အိမ်ပြန်ချင်တာကြောင့် ဂျောင်ကုကို ကားမယူခိုင်းခဲ့ခြင်းဖြစ်သည်။
မောင့် ရဲ့လက်ကို သူလက်နှစ်ဖက်ဖြင့် ချိတ်တွယ်ရင်း မောင့် ပခုံးထက်ခေါင်းလေးတင်ကာ ပြန်လမ်းလေးကသာယာချိုမိန်ခဲ့သည်။
ဆရာဝန်ဆိုတာ weekend ပီးတာတောင် အားတယ်ဆိုတာမရှိတာမို့  ‌ကိုယ်ချစ်သူကိုတောင် အချိန်မပေးနိုင်တာမျိုး။ ချစ်သူစဖြစ်တဲ့အခ်ျကထဲက သူ မောင့်ကို အချိန်မပေးနိုင်ခဲ့အခုချိန်ထိပါပဲ။ တစ်ခါတစ်လေ ဂျောင်ကု သူ့ကို ငြိုငြင်သွားမှာ သိပ်ကြောက်မိတယ်။ ဒါပေမဲ့ ‌မောင်က သူ့ကိုအမြဲနားလည်ပေးခဲ့တယ်။ အကြိမ်"ဖန်များလာတော့ ဘယ်သူကခံနိုင်ပါတော့မလဲ။ ချစ်သူရည်းစားထားတာ ပျော်ရွင်စရာလေး‌တွေဖန်းတီးရင်း အနားမှာ ချွဲနွဲ့နေချင်တာမျိုးလေ။ ဒါကို ဂျီမင် နားလည်ထားသည်။ အခုက ကိုယ်က ပစ်ထားမိတော့ စိတ်ထဲ အပစ်ရှိသလိုခံစားလာရတယ်။ အခုရက်ပိုင်း မောင်မျက်နှာ မကောင်းတာကို ခံစားနေမိတယ်။  သူ့ကို ‌ဂျောင်ကု စိတ်ပျက်နေပီလား မသိ။

"မောင် အဆင်ပြရဲ့လားဟင်!

"ဟင် ဘာကိုလဲ မင်

"ဒီနေ့က ပွဲတော်ရက်လေ အ့ဒါကြောင့် မောင်နဲ့အတူ လမ်းလျှောက်ချင်လို့! အဆင်ပြေရဲ့လားလို့

"အင်း

သူရဲ့ anxiety ကြောင့် ဂျောင်ကု ပွဲတော်ရက်ကိုတောင် သတိမထားမိသည်အထိပင်။ ဂျီမင် ပြောလိုက်တော့မှ ဂျောင်ကုသတိထားမိ၏။ ပတ်ဝနးကျင်အား ဝေ့ဝဲကြည့်လိုက်မိတော့
ပွဲတော်ရက်မို့ လမ်းတစ်လျှောက် ပြင်ဆင်မူ့က အံဩစရာပင်။ ရောင်စုံအလှမီးလေးတွေနဲ့ အလှဆင်ထားတဲ့ ရက်ဟက် အပါဝင် ကလေး လူကြီးအကြိုက် ကစားနည်းမျိုးစုံကလဲ စုံစုံလင်လင်ပင်ဖြစ်သည်။ ညရဲ့ အေးချမ်းမူ့အရသာကိုတော့ မခံစားရပေ။ ဒါကြောင့် ချစ်ရသူလေးက သူ့နဲ့အတူ လျှောက်လည်ချင်တာများလား။ စော"က အနားကနေ သာလိကာလေးပမာ စကားတွေ တစ်တွတ်"ပြောနေသူလေးက ရုတ်တရက်ငြိမ်ကျသွားတာကြောင့် ဂျောင်ကု ချစ်ရသူလေးကို ကြည့်မိတော့ ကိုယ့်ပုခုံးလေးထက် ခေါင်းလေးမှီထားပီး ငြိမ်နေသည်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now