ပွဲတော်ရက်ရဲ့ နောက်ဆုံးညလေးမှာ ချစ်သူကောင်လေးနဲ့ အတူပျော်ရွှင်စရာတွေ ဖန်းတီးနေမိတယ်။ မောင်နဲ့ အခုလိုနှစ်ယောက်ထဲနေရတဲ့ ဒီလိုညချမ်းေလးကို ဂျီမင် လွယ်နဲ့မကုန်ဆုံးစေချင်ပါ။ ဖက်တွယ်ထားတဲ့ မောင့်ရဲ့ လက်စုံကို ဖြေလျော့ရင်း..."မောင်
"ဗျာ
"အောက်ကိုလာ ကြည့်လိုက်။ လမ်းပေါ်ကလူတွေက သေး"လေးတွေနဲ့ ချစ်စရာအရမ်းကောင်းတယ် ဟီးး!!
ရင်ခွင်ထဲက ချစ်လူသားလေးက အောက်ကို ငုံ့ကြည့်ပီး သူ့လက်ညှိုးပု"သေး"လေးကိုလဲထိုးပြကာ ပြောလိုက်သေးသည်။ အမြင့်ကနေ စီးကြည့်နေတာမို့ အောက်တွင်သွားလာလှုပ်ရှားနေသည့် လူတွေအကုန်လုံးက သေးသေးလေးပင်ဖြစ်သည်။ ဒါကို သဘောတကျရီမောရင်း ပြောလာသူက မျက်လုံးလေးတွေ ပိတ်ကျတဲ့အထိပင်။ သူလေးရဲ့ အခုလို အပြုအမူ့တွေကပဲ ဂျောင်ကုကို ပိုပီးရုန်းထွက်ရန် ခက်ခဲနေရတာ။ ပြောပီး ရင်ခွင်ထဲကနေ ရုန်းထွက်ကာ ထက်ခိုးရဲ့ အစွန်းသို ပြေးသွားသူလေး။ ဂျောင်ကု စိတ်ပူမိတာကြောင့်.......
"မင် အဲ့အစပ်ကို မသွားနဲ့ ပြုတ်ကျမယ်
"မကျပါဘူး
အခုလဲ ပြောစကားနားမထောင်တဲ့သူ။ အပေါ်ထက်ခိုးရဲ့ အစွန်းတစ်နေရာကနေ အောက်ကို ငုံ့ကြည့်နေတာ မကြောက်မရွံ့နဲ့။ ဘယ်လို ပြော" နားမထောင်သူရယ်ပါ။
"မင် အဲ့အစပ်နားမှာ မနေနဲ့ ဒီဘက်ကိုလာ!
"ဟာ မလာချင်ပါဘူး။ ဒီမှာ သူများကြည့်နေတယ်လေလို့ !
"မင် ပြုတ်ကျမှာဆိုးလို့ ပြောနေတာ
"မကျပါဘူး မောင်ကလဲ
"မင့် ဘာလို့ မောင့်စကားကိုနားမထောင်ရတာလဲ။ ဒီဘက်ကို လာလို့
"....."
"မင့် မောင်ပြောနေတာ ကြားလား
"ကြားတယ်
သူမလာချင်တာကို အတင်းခေါ်နေတဲ့ ဂျောင်ကုကြောင့် ဂျီမင် ကြည့်နေရတဲ့ခံစားချက်ကောင်းလေး အရှိန်လေးတောင်ပျက်သွားရတယ်။ သူပြောနေတာကို မကြားချင်ယောင်ဆောင်လဲ မရ။ ဒီဂျောင်ကု ဒီနေ့မှ ဘာဖြစ်နေလဲမသိဘူး။ အဖိုးကြီးလေးကျနေတာပဲ။ မြင်သမျှအကုန်လိုက်ကြည့်ပီးပြောနေတာ။ တော်"ဆိုးတဲ့ ဂျောင်ကု။ ကိုယ်တိုင်ကလဲ သူကဒါဆို ကိုယ်က ဟိုဟာလုပ်လိုက်ရမှ စိတ်ကကျေနပ်သည်။ အခုလဲ စကားကအချေတင်ပြောရဦးမည်။
YOU ARE READING
နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed )
Fanfictionနောင်ဘဝဆိုတာရှိခဲ့ရင် မောင့်အချစ်တွေနဲ့ "ထာဝရ" ပျော်ရွင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်တယ် မောင်!