အလုပ်တွေကို လက်စသက်ရင်း ချစ်ရသူကိုကြည့်မိသည်။ ဘယ်အချိန်ထဲက အိပျော်သွားလဲမသိ ကုတင်ထက် နှစ်ကြိုက်စွာ အိပ်မောကျနေသူလေး။
ဆေးရုံက ဆင်းလာကတည်းက ထယ် ပြောင်းလဲသွားတာ သိထားမိသည်။
အရင်က ပြုံးပျော်နေသော ကောင်လေးတစ်ယောက်မဟုတ်တော့ပါ။
ကျတော် ချစ်ရသူလေးရဲ့ အဖြစ်ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ကို လေးပင်စွာချလိုက်သည်။အခုဆို ထယ်အနားမှာပြုစုပေးလာခဲ့တာ ၂နှစ်တောင်ပြည့်လို့လာပီ။
ပြောင်းလဲသွားတာက ထယ် ဖြစ်သည်။
ကျတော် မြတ်နိုးရဆုံး သူ့ရဲ့အပြုံးတွေကို တောင်မမြင်ရတာ ကြာခဲ့ပီ။
အရာအာလုံးကို လစ်လျူရှူတက်နေပီ။ ကျတော့်အပေါ်ကိုလဲ တစ်ဖြေးဖြေးအေးစက်တက်လာသည်။ အရီအပြုံးနည်းလာသည်။ သူ ပြောင်းလဲသွားခဲ့တာက ရင်ထဲကနာကျင်မူ့ကြောင့် ဖြစ်မည်။လူတိုင်းမှာ အကြောင်းတရားကိုယ်စီရှိကြသည်မို့လား အရာရာတိုင်းက အကြောင်းရှိလို့ အကျိုးဖြစ်လာကြတာ။
ကိစ္စတိုင်းကိုတော့ ဝင်မဆွဲဖက်ချင်ပါ။ ကျတော်တို့က ဆိုင်ပေမဲ့ တစ်ယောက်ကိုတစ်ယောက်မှ မပိုင်ကြသေးတာ။
အရင်ကတည်းက အနေအေးသူမို့ ကျတော်အတွက် ထူးထူးဆန်းဆန်းတော့ ဖြစ်မနေပါ။
ကိုယ်က ချစ်နေရသူမို့ နားလည်ပေးနိုင်ရမည်။ မတူညီတဲ့ ဘဝနှစ်ခုပေါင်းစပ်ဖို့အတွက် အချစ်ထပ် တစ်ယောက်အပေါ်တစ်ယောက် နားလညါပေးမူ့ကသာ အဓိကဖြစ်မည်။ဟိုဆော့ တွေးလက်စများကိုရပ်ပစ်ကာ .....
ညစာအတွက် ပြင်ဆင်ရန် အောက်ထပ်သို့ဆင်းလာလိုက်သည်။
ကျတော် ညစာပြင်နေတုန်း ဝင်လာသည့် ဖုန်းကောလ်လေး။
ကြည့်လိုက်တော့ ဆေးရုံက ဆက်သွယ်တာကြောင့် စိတ်ထဲ အလိုမကျပေမဲ့ မျော်လင့်ချက်လေးတစ်ခုကြောင့် ကိုင်လိုက်သည်။"ဟဲလို'
"ဟုတ် အခုပြောနေတာက
"ဟုတ် ကျတော် ဂျောင်ဟိုဆော့ပါခမျ
"ဟုတ်ကဲ့ ကျတော်တို့ ဆေးရုံမှာ မျက်ကြည်လွှာ အလှူရှင်တစ်ဦးပေါ်လာလို့ အဲ့ဒါကြောင့်ဆက်သွယ်လိုက်တာပါ
"ဗျာ!!
တစ်ဖက်က စကားအဆုံး ခန္ဒကိုယ်တစ်ခုလုံးအေးစက်တောင့်ခဲသွားရ၏။
ကျတော် နားကြားမှားနေသလား။ ဒါမှမဟုတ် အိမ်မက်မက်ေနသလား။ မျက်ကြည့်လွှာအလှူရှင်တဲ့၊ ထယ့်ကိုယ်စားပျော်လွန်း၍ မျက်ဝန်းမှ မျက်ရည်တို့ ရစ်ဝိုင်းလာ၏။
ဖုန်းထဲမှ တစ်ဖက်လူရဲ့ စကားသံထက်မံပေါ်ထွက်လာမှ သတိပြန်ဝင်ခဲ့သည်။
YOU ARE READING
နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed )
Fanfictionနောင်ဘဝဆိုတာရှိခဲ့ရင် မောင့်အချစ်တွေနဲ့ "ထာဝရ" ပျော်ရွင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်တယ် မောင်!