အိမ်ပြန်လမ်းတစ်လျှောက် ထယ်တွေးနေမိတာက ဟျောင်းအပေါ် သူ့ရဲ့လိမ်ညာလိုက်မူ့ကြောင့် သူ့ကို ဟျောင်းစိတ်ပျက်သွားမှာအရမ်းကြောက်နေခဲ့တာကိုပါ။ကလေးဘဝထဲက အခုချိန်ထိ သူ့အပေါ် အနစ်နာခံကောင်းပေးတဲ့သူက ဟျောင်းကလွဲပီး ဘယ်သူမှရှိမခဲ့ဖူးပါ။ မိဘနှစ်ပါးလုံးက စီးပွားရေးကလွဲလို့ ဘာကိုမှ ဂရုမစိုက်တက်ကြသူတွေဖြစ်သည်။ တခြားသူတွေရဲအမြင်မှာတော့ ကင်ထယ်ယောင်းဆိုသည့် ကောင်လေးဟာအရာရာပြည့်စုံပီး ပျော်ရွင်ေနရတယ်လိုထင်ေနကြပါလိမ့်မယ်။ တကယ်တော့ ထယ်ယောင်းလေးက မိသားစုရဲ့နွေးထွေးမူ့ဆိုတာ သူ့အနေနဲ့ ဘာမှမခံစားရတဲ့အပြင် သားတစ်ယောက်လုံးရဲ့ ကျန်းမာရေးကိုတောင် မိဘနှစ်ပါးလုံးကဂရုမစိုက်ခဲ့ကြတာမို့ ထယ်စိတ်မကောင်းဖြစ်ရတဲ့ အကြိမ်းများက မရေတွက်နိုင်ပင် ရှိခဲ့သည်။ ထယ်မျက်လုံးကွယ်ခဲ့တုန်းကလဲ ဒီလိုပါပဲ ခဏတာအနားမှ ရှိနေပေးရုံနဲ့တော့ ထယ်အတွက်ပြည့်စုံပီလို့ သူတို့ထင်နေကြတယ်ထင်ပါရဲ့ ထယ် အသက်ရွယ်တစ်ခုထိတိုင်အောင် အမြဲအထီးကျန်မူ့ဖြင့်သာ ရှင်သန်နေထိုင်ခဲ့ရတယ်။ စိတ်သဘောထားဖြူစင်တဲ့ ဟျောင်းလိုလူမျိုးနဲ့မတွေ့ဆုံခင်အချိန်ထိ ပေါ့။ ဟျောင်းရဲ့နှစ်သိမ့်မူ့တွေအပါဝင် အေးမြတဲ့မေတ္တာဓာတ်တွေကြောင့်သာ ခွန်းအာတွေဖြစ်စေခဲ့တာ။ ဟျောင်းသာထယ်အနားမရှိခဲ့ရင် ထယ်အသက်တောင်ဆက်ရှင်နိုင်မှာမဟုတ်ခဲ့ပါဘူး။
ထယ်တွေးရင်း မျက်ဝန်းထက် မျက်ရည်များပြည့်သိပ့်လာသည်။ စကပျော်နေတဲ့ ထယ်ရဲ့ပုံရိပ်တို့က ဟျောင်းရဲ့စကားများကြောင့် ပျောက်ကွယ်သွားသည်။ တွေးလေ၊ တွေးလေ ဝမ်းနည်းစရာတွေပါပဲ။ သူတကယ်ပဲ ဟျောင်းအပေါ် အပစ်လုပ်ခဲ့မိတာလား။ သူ့ရဲ့အမှားတစ်ခုကြောင့် ဟျောင်းကိုဝမ်းနည်းအောင်လုပ်မိခဲ့ပီလား။ ထယ်းစဉ်းစားရင်ဖြင့် ခေါင်းတွေပူထူလာရသည်။ ဘာမှဟုတ်တဲ့စကားလေးတစ်ခွန်းကို လိမ်မိတာကြောင့် ဟျောင်းကိုဝမ်းနည်းစေခဲ့ပါရင် သူ့အပစ်များမကင်းသည်ကို ထယ်သိပါသည်။ ဟျောင်းဟာ ကိုယ့်ရဲ့ သူငယ်ချင်းကောင်းလဲဟုတ်သလို၊ မကြာခင်လက်ထပ်ကြတော့မဲ့ ချစ်ရတဲ့ခင်ပွန်းလောင်းဆိုလဲဟုတ်ပါသည်။ စိုးရိမ်စိတ်ကြောင့် ဟျောင်းအပေါ်အပစ်လုပ်ခဲ့မိသည်ကိုလဲ ထယ် နောင်တရ နေမိသည်။
YOU ARE READING
နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed )
Fanfictionနောင်ဘဝဆိုတာရှိခဲ့ရင် မောင့်အချစ်တွေနဲ့ "ထာဝရ" ပျော်ရွင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်တယ် မောင်!