အတွေးများစွာကို ရပ်ပီးအပေါ်ထက်တွင် ရေမိုးချိုးကာ ဆေးရုံကထွက်လာတုန်းက ဝတ်လာသည့် အဝတ်များကို ပြန်ဝတ်လိုက်သည်။ အားလုံးပီးမှ အိမ်ပြန်ရန် ဂျီမင် အောက်ထက်သို့ ဆင်းလာခဲ့သည်။"ဒေါက်တာ ရေချိုးပီပီလား
လှေကားလေးအတိုင် ဆင်းလာတဲ့ ဂျီမင်ကိုမြင်တာကြောင့် ဂျောင်ကု မေးလိုက်ခြင်းပါ။
"အွန်း
"အဝတ်တွေက
ဝတ်ထားပီးသား အဝတ်တွေမို့ ဂျောင်ကု မေးလိုက်တော့......
"ဪ မင်းဆီကိုလာတော့ အလျှင်လိုနေတာကြောင့်ရေမချိုးခဲ့တာ။ အဝတ်ကလဲခဲ့ပီးသားမို့ ပြန်ဝတ်ခဲ့တာ ဘာလဲ နံနေလို့လား
ဂျီမင် သူဝတ်ထားသည့် အင်္ကျီလေးကို ငုံနမ်းလိုက်ပီး မေးလိုက်မိတော့......
"အာ မဟုတ်ပါဘူး။ အ့လိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါ ဘူး။ ကျတော်က ဒေါက်တာ အဝတ်အစားအတွက်အဆင်မပြေဘူးထင်လို့ပါ။ အ့ဒါကြောင့် ကျတော့်အင်္ကျီတွေထဲ အသေးဆုံး size ကိုရွေးလာတာ အဆင်ပြေရင်ရပါပီ
"အွန်း အချိန်လဲ မနည်းတော့ဘူး ဂျောင်ကု ငါ ပြန်တော့မယ်
ခုံပေါ်မှာ တင်ထားတဲ့ သူ့အိတ်လေးကို ယူပီး ဂျီမင် ပြန်ရန်ပြင်လိုက်တော့ ဂျောင်ကု ဆီကတားမြစ်သံကြားလိုက်ရသည်။
"ခဏ ကျတောါ ရေချိုးလိုက်အုံးမယ်
"ဟင် ငါ ပြန်မှာနဲ့ မင်းရေချိုးတာနဲ့က ဘာဆိုင်လို့လဲ
"ကျတော် လိုက်ပို့မလို့လေ
"ရပါတယ် ငါ .......
သူပြောနေတဲ့စကားကို ဆုံးအောင်နားမထောင်ဘဲ အပေါ်ထက်သို့ပြေးတက်သွားသည့် ကောင်လေး။ သူရဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း ဧည့်န်းအတွင်းကျန်ရစ်ခဲ့မိတယ်။ သူပြောရင် မလွန်ဆန်မိတဲ့ သူ့ကိုယ်သူလဲ အံ့ဩလို့မဆုံးပါ။ သူပြောချင်တာ ပြောပီး ပြောတာကို ဆုံးအောင်နားမထောင်ဘဲ လုပ်ချင်တာလုပ်သွားတက်သည်က အခုနောက်ပိုင်း ဂျောင်ကုအတွက် အကျင့်တစ်ခုလိုဖြစ်နေသည်။ သိပ်မကြာလိုက်ပါ အပေါ်လှေကားလေးအတိုင်း ဆင်းလာသူလေး။ ရေချိုးပီးစမို့ ထင်သည် မျက်နှာလေး ကလဲကြည်လင်နေ၏။ နှဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ပေါ်တွင် ရေစက်လေးများကလဲ တွဲခိုလို့နေပြန်သည်။ ဒီကောင်လေး ခေါင်းကို ရေသေချာမသုတ်ခဲ့ဘူး ထင်တယ်။
YOU ARE READING
နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed )
Fanfictionနောင်ဘဝဆိုတာရှိခဲ့ရင် မောင့်အချစ်တွေနဲ့ "ထာဝရ" ပျော်ရွင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်တယ် မောင်!