အပိုင်း ၂၀

351 18 0
                                    


အဝေးပြေးလမ်းမထက် အရှိန်ဟုန်းပြင်းစွာမောင်းနှင်လာသည့် BNW ကားလေးတစ်စီး။

လမ်းမထက် ကားမောင်နေရင်း ပုံမှန်မဟုတ်သည့် ကုန်ကားတစ်စီးက ထယ်' ကားရှိရာသို့ အရှိန်ပြင်းစွာ မောင်းနှင်လာ၏။ ထယ်' သတိထားမိ တော့ ကားကို အရှိန်သက်ကာ ရှောင်မောင်းရန်ကြိုးစားလိုက်သည်။
ကုန်ကားကကြီးက brake ကြိုးပျက်ကာ ထယ်မောင်းနှင်လာသည့် ကားဆီသို့ ဦးတည်လာကာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသည်။

ဒုန်း!!

"အားးး!!

ကားလေးမှာ အဝေးသို့ လွင့်စင်ထွက်သွားရသည်။ ကုန်ကားက ဝင်အပြည့်နှင့်မို့ အရှိန်မထိန်းနိုင်ပဲ ပြင်းပြင်းထန်ထန် ဝင်တိုက်မိတာကြောင့် drive ကတော့ တိုက်တဲ့ နေရာမှာပင် ပွဲချင်းပီး သေဆုံးခဲ့သည်။ ထယ် ကတော့ အသက်ဘေးမှ လွတ်မြှောက်ခဲ့ရသည်။
ထယ့် အတွက်ကတော့ အဆိုးထဲကအကောင်း လို့ ဆိုရမည်။ အသက်အန္ဒရာယ် မစိုးရိမ်ရပေမဲ့ ဘဝရဲ့ အရေးကြီးဆုံး အင်္ဂါရပ်တစ်ခုကို ဆုံးရှုံးလိုက်ရပီ။

ဆေးရုံအတွင်းရှိသည့် Nurse နှင့် Dr . တွေအကုန်အလုပ်ရှပ်နေကြသည်။
စိုးရိမ်စိတ်ကြောင့် စိတ်နဲ့လူနဲ့မကပ်နိုင်ပါ။ ထယ်' ကား Accident ကြောင့် ဆေးရုံတင်ထားရသည်မို့ ဆေးရုံသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။
ခန္ဒာကိုယ်တစ်ခုလုံး တုန်လှုပ်နေခဲ့၏။ အထိခိုက်များသည်မို့ စိတ်ထဲ စိုးရိမ်စိတ်တို့က ပြင်းထန်နေခဲ့သည်။
ဆေးရုံက ဖုန်းဆက်တော့ ထယ်သတင်းကို ကြားကြားချင်း မယုံနိုင်ခဲ့ပါ။ ကိုယ်တိုင်မြင်မှ ယုံခဲ့ရသည်။

အချိန်တစ်ခုတိုင်အောင် နှစ်ယောက်သား ဖုန်းပြောခဲ့ကြသေးသည်မို့
အခုချိန် ကျတော် မြင်လိုက်ရတဲ့သည်က ခေါင်းတစ်ခုလုံး ပတ်တီးအဖွေးသားနဲ့ ကောင်လေး၊ မျက်လုံးအစုံကိုလဲ ပတ်တီးဖြင့် ပိတ်၍စီးထားသေးသည်။
ကုတင်ထက် မေ့မျော်နေသူလေးနားကပ်ကာ ချစ်ရသူလေးရဲ့ လက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

"ဟင့် ! ဘယ်လိုဖြစ်ရတာလဲ ထယ်ရာ

မျက်ဝန်းထက်မျက်ရည်များက အသွင်သွင်စီးကျလို့လာ၏။ ထိန်းချုပ်ထားသမျှ အင်အားတို့က ပြိုလဲခဲ့တာ အကြိမ်ကြိမ် ဖြစ်သည်။

နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed ) Where stories live. Discover now