"ဗျာ!!"Dr. လဲ မင်းတို့အတွက် တကယ်စိတ်မကောင်းပါဘူး။ သူ့အတွက် Dr ဘာမှမလုပ်ပေးလိုက်နိုင်ခဲ့ဘူး
ပြောပီး ဦးသူရမောင်က အောက်သို့မျက်လွှာချထား၏။ ဂျီမင် ကိုလဲအားနာနေပုံရသည်။
ရှေ့နေကြီးရဲ့ ကျေးဇူးကြောင့် မောင့်ကိုကုသပေးနေတဲ့ နှလုံးအထူးကု Dr သူရမောင်အိမ်သို့ ဂျီမင် ရောက်နေခြင်းဖြစ်သည်။ ဒီနေ့ ဦးသူရမောင်လဲ ဂျူတီမရှိတာကြောင့် လူချင်းတွေ့ရတာမို့ အဆင်ပြေ၏။
ဦးသူရမောင် ဆိုသူက နှလုံးအထူးကု ပါတဂူတစ်ယောက်ဖြစ်တဲ့အပြင် ငွေကြေးကလဲ ပြည့်စုံသူ။ အရပ်က သာမာန်ဖြစ်သည်။ အသားရေကတော့ ဖြူသည်ထဲပါ၏။ ခန္ဒာကိုယ်ဖွဲ့စည်းပုံကတော့ အချိုးစားကျသည်။သူ့ရဲ့အသက်ရွယ်နဲ့ သူတော့ ကြည့်ကောင်းသည်ထဲပါ၏။
ရှေ့နေကြီးနှင့်အတူ အိမ်ရှေ့သိုရောက်တော့ ကျတော်တို့ကို စီးကြိုးကာ ဧည့်ဝတ် ပြုသည်။ ပီးမှ အဖ်ြကြောင်းအစုံပြောလာသူ....
( ..................... )
Dr သူရမောင်၏ စကားအဆုံး ဂျီမင် တစ်ယောက်ဧည့်ခန်းတွင်းရှိ Sofa ပေါ်သို့ အရုပ်ကြိုးပျက် ထိုင်ချမိသည်။ လူကပြန်ရောက်ထဲကမနားရသေးတာမို့ ခရီးပန်းနေတာရော၊ ငိုရလွန်းလို့ တစ်ကိုယ်လုံး အားအင်ပင်မရှိတော့ပေ။ မေ့မျော်မသွားတာ ကံကောင်းသည်လို့ ဆိုရမည်။
မောင် မရှိတော့ဘူး ဆိုတာကို အသိစိတ်က ဘယ်လိုမှလဲ လက်မခံနိုင်ဖြစ်နေသည်။ မျက်ရည်များသာ ကျနေပေမဲ့ ဂျီမင် အသံတိတ်ငိုကြွေးနေမိ၏။
ဂျီမင် အတွက် မေးခွန်းများစွာ ရှိနေသေးတာကြောင့်..................
"Dr
"ပြောပါ ကောင်လေး
"မောင် ဆုံးပါးသွားတာ ၂နှစ်ကျော်ပီဆိုရင် ေမ ာင် ဟင့်!! မောင် ကျတော်ဆီကို ပို့ပေးနေတဲ့စာတွေတာကရော ဟင်
ဦးသူရမောင်တစ်ယောက် ဂျီမင် မေးလိုက်တဲ့မေးခွန်းကြောင့် မျက်လွှာချမိသည်။ သူ့ကိုလဲ ဘယ်လိုဖြေသိပ့်ပေးရမလဲ မသိ။ သူခံစားနေရတာသိပေမဲ့ ကိုယ်တိုင်လဲ တကယ်စိတ်မကောင်းဖြစ်နေရသည်။
YOU ARE READING
နွေးထွေးသော မောင့်ရင်ခွင်ဝယ် 💔 ( Completed )
Fanfictionနောင်ဘဝဆိုတာရှိခဲ့ရင် မောင့်အချစ်တွေနဲ့ "ထာဝရ" ပျော်ရွင်တဲ့ လူသားတစ်ယောက်ဖြစ်ချင်တယ် မောင်!