ကျွန်ုပ်တို့သည် ရိက္ခာများ တင်ဆောင်ရန် အန်ထိဂါရှိ အနီးဆုံးဆိပ်ကမ်းသို့ ရွက်လွှင့်ခဲ့ကြပြီး တူးမန်နှင့်အတူ ဂျန်င်းက ကျွန်ုပ်တို့ခရီးစဥ်ကို လမ်းကြောင်းရှာဖွေ ၊ပြင်ဆင်ချိန်ညှိခဲ့ကြသည်။ ထိုနှစ်ဦးကား ထူးချွန်သော သင်္ဘောသားနှစ်ဖော်ပင်ဖြစ်တော့သည်။ ထိုအချိန်အတောအတွင်း ကျွန်ုပ်တို့သည် ဓါးရှည်ကို အကြောင်းပြု၍ ရင်းနှီးကျွမ်းဝင်လာကြသည်ကို ကျွန်ုပ်ခံစားမိပေသည်။ မည်သို့ဆိုစေ စိတ်မကောင်းဖွယ် တင်ပြရမည်မှာ ကံအကြောင်းမလှစွာဖြင့်၊ လူသားမျိုးနွယ်ကို ရေပြင်ကျယ်တွင် အကျိုးပြုမည့် ပင်လယ်လိပ်များ၏ စွမ်းဆောင်ရည်နှင့် စပ်လျဥ်း၍ ကျွန်ုပ်၏ တုနှိုင်းမဲ့ဦးထုပ်မှာ အဝေဂျာရှိ 'လိပ်ကျွန်း'သင်္ဘောဆိပ်၌ ကုန်သည်တစ်ဦးထံတွင် ဆုံးရှုံးသွားရခဲ့ပါသည်။ ဆိုစေကာမူ ခရင်းကောင်ကဲ့သို့ မြူးတူးသွက်လက်သော ရွက်လှေနှင့် အနီရောင်အဆင့်တမျှ အန္တရာယ်ရှိသော လှေသားတစ်ဦးရှိနေပြီဖြစ်ရာ လူတကာကြောက်ရွံ့ရသော ဘယ်ခြေထောက် လူးဝစ်စ်သာမဟုတ် အဘယ်အတားအဆီးကမျှ ကျွန်ုပ်တို့လမ်းတွင် လာရပ်ရန် အရည်အချင်းမပြည့်မီဟု ကျွန်ုပ်တွေးမိသေးတော့သည်။ နောက်လာမည့် ဤကပ္ပတိန်မှတ်တမ်း၏ နိဒါန်းကား ကျွန်ုပ်တို့ ကိုးတက်ဇ်ဓါးရှည်ကို ကြိုးပမ်းရရှိခဲ့သည့် ဇာတ်လမ်းပင် ဖြစ်ပါလိမ့်မည်။-ကပ္ပတိန်ဂျက်စပဲရိုး
ပြီးပါပြီ။
☠️ ☠️ ☠️ ☠️ ☠️ ☠️ ☠️
![](https://img.wattpad.com/cover/348278191-288-k77343.jpg)
YOU ARE READING
ဂျက်စပဲရိုး၊ မုန်တိုင်းအဝင် (Completed)
Maceraပုလဲနက်မတိုင်မီကာလ၌ ရွက်သင်္ဘောမှောင်ခိုစီးသူ လူငယ်တစ်ဦးရှိခဲ့သည်၊ အမည်ကား ဂျက်စပဲရိုး...။ စွန့်လွှတ်စွန့်စားလိုသော ဆယ်ကျော်သက်အရွယ် လူငယ်လေးဂျက်စပဲရိုးသည် ထွေရာလေးပါးသင်္ဘောသားတစ်စုနှင့် ပေါင်းမိသွားကာ သူတို့သည် တစ်သက်ပတ်လုံးစူးစမ်းရှာဖွေသွားကြ...