Unicode
အမေရိကား သို့အပြီးတိုင် ထွက်သွားသည့် ရှုတိုင်းယဉ် သည်ယခင်ရက်တွေထဲက အိပ်မက်မကောင်းတာကြောင့် မောင် ရှိသည့် မြန်မာပြည်ကို ခေတ္တပြန်လာခဲ့သည်။ ယဉ် မက်ခဲ့သည့် အိပ်မက်တွေကြောင့် မောင့် ကိုစိတ်မချပါ။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်သည်နှင့် လေယာဉ်ကွင်းမှ ချက်ချင်းပင် လွမ်းမဂ္ဂမောင် ရှိသည့် မြမှူးခက် အိမ်သို့ဦးတည်သွားလေသည်။ မောင် ဘေးကင်းဖို့ ယဉ် ဆုတောင်းမိသည်။
“မောင် ... ၊ အန်တီလာနေပြီ .. အန်တီ့ကို စောင့်ပေးပါဦးမောင်ရယ်”
တိတ်ဆိတ်နေသည့် ခြံဝန်းကြီးဟာ အပ်ကျသံတောင် မကြားရပါ။ အိမ်ထဲသို့ဝင်လိုက်သည်နှင့် မည်သူမျှမတွေ့ရပေ။ ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်လိုက်ရာ မနက်စာစားပွဲဝိုင်းလေးကို တွေ့လိုက်ရ၏။ ယဉ် အနည်းငယ်တော့ သက်ပြင်းချမိသည်။ မနက်စာ စားပွဲဝိုင်းလေးဟာ ပူပူနွေးနွေးရှိနေသေးတယ် မဟုတ်လား။
“မောင်!!”
ယဉ် အော်ခေါ်သော်လည်း မည်သည့်အသံမှမကြားရပေ။ ယဉ့် ရဲ့စိုးရိမ်စိတ်ကို မည်သူမှမသိပါ။
“ဒေါ်မြမှူးခက်!!”
ခက် ကိုအော်ခေါ်သော်လည်း ပြန်ထူးသံမကြားရပါ။ ယဉ် စိုးရိမ်ပါသည်။ အိမ်ပေါ်ထပ်သို့ အပြေးအလွှား တက်မိသည်။ အပေါ်ထပ်လှေခါး၏ ဘယ်ဘက်အခန်းလေးကို ယဉ် ဖွင့်ကြည့်လိုက်မိသည်။
“မောင်!!!”
ငြိမ်သက်နေသည့် မြမှူးခက် ကိုကုတင်ထက်ဝယ် တွေ့လိုက်ရသည်။ ဘေးမှာတော့ မောင်ပေါ့။ မောင် ကခက်ကို ပွေ့ဖက်ထားလေရဲ့။ ထိုအခန်းကြီးထဲမှာတော့ နှစ်ဦးသား ငြိမ်သက်နေကြ၏။
“မောင်!! .. အန်တီ ရောက်လာပြီမောင်ရယ် ..!! အန်တီ့ ကိုကြည့်ပါဦး!!”
မြမှူးခက် ၏နှုတ်ခမ်းတွေဟာ ဖြူလျော့နေပြီ။ ကုတင်ပေါ်ထပ်ဝယ် အိပ်ဆေးပုလင်းတစ်ဘူး နှင့် မောင့်လက်ထဲတွင် ကိုင်ထားသည့် ခက် နောက်ဆုံးချန်ခဲ့သည့် စာလေးတစ်စောင်။ ထို စာကို ယဉ် မဖတ်ပါ။ မြမှူးခက် ဘာတွေရေးခဲ့သလည်း ယဉ် မသိချင်ပါ။ မောင့် ကိုကယ်ဖို့ အရေးကြီးသည်။
![](https://img.wattpad.com/cover/350691152-288-k8606.jpg)
YOU ARE READING
Daddy Wife (Completed)
Romance"မောင်မငိုရဘူးနော် နာကျင်စွာမုန်းလိုက်ပါ" Own Creation ။ Starting Date - 24.8.2023 Ending Date - 15.12.2023