အစည်းအရုံးခန်းမထဲ၌ ခန်းမရဲ့ တံခါးတွေ လုံခြုံစွာ ပိတ်ထားကြပြီး ယန်းရှက ခက်ထန်စွာဖြင့် ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ရူံကျိဝမ် , ယန်းသုံးယန်းနဲ့ ရွှီခိုင်းယွမ်တို့က ဦးရီးတော် အမိန့်ကို စောင့်နေကြတယ် ။ အစည်းအရုံးခန်းမအပြင်ဘက်တွင်တော့ တပ်သားအများအပြားက အစည်းအရုံးခန်းမကို တိုးမပေါက်အောင် ဝိုင်းထားကြတယ် ။ ကုနျန်က ယန်းရှကို သုံးရက် အချိန်ပေးလိုက်တယ် ဆိုပေမဲ့ သူလိုချင်တာ က အဖြေ တခုပဲလေ , ယန်းရှ သဘောမတူလည်း တူရမယ် သဘောတူလည်း တူရမယ် ။" ဦးရီးတော် , သင် အမိန့်ချပါတော့ ၊ ကျနော်မျိုး ဒီအသက်ကိုရင်းပြီး အဲ့ဒီခွေးဘုရင်နဲ့ ယှဉ်ချပစ်မယ် "
ရူံကျိဝမ့်ကတော့ အသက်ပါရင်းပစ်ဖို့ ပြင်ဆင်ထားပြီးလေပြီ
" ဦးရီးတော် , သင် အမိန့်ချပါ"
ယန်းသုံးယန်း ကလည်း တလေသံတည်းပဲ ။
ရွှီခိုင်းယွမ်က ခေါင်းငုံ့ကာ စားပွဲပေါ်မှာ ဟိုရေးဒီရေးလုပ်နေရင်း
ကျန်ဟွမ်ယွိ .... ယွဲ့ချုံ ....ကျန်ဟွမ်ယွိ .... ယွဲ့ချုံ ....ဟွမ်ယွိ .... ယွဲ့ချုံ .... ယွိဟွမ် .... ယွဲ့ချုံ ....လက်ချောင်း တချက်တွန့်သွားပြီး သူ့လက်မောင်းစဖြင့် စားပွဲပေါ်မှ အရာများကို ဖျက်လိုက်ကာ ခေါင်းမော့ပြီး ဦးရီးတော် အမိန့်ချတာ စောင့်နေတယ် ။ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သူရှိတယ် ယန်းမော့ ချက်ချင်း ထရပ်လာချိန် အပြင်ကနေ ပြောတာကြားလိုက်တယ်" ဦးရီးတော် , ကျွန်တော်မျိုး က ဦးရီးတော် အတွက် နေ့လည်စာပို့တာပါ "
အစည်းအရုံးခန်းမက အစေခံပါ ။ ယန်းမော့ က ဦးရီးတော်ကို တချက်ကြည့်လိုက်ပြီး ချက်ချင်းတံခါးသွားဖွင့်တယ် တံခါးအပြင်ကနေ မျက်လွှာချကာ ခေါင်းငုံ့ထားတဲ့ အစေခံလေးယောက်ဝင်ရောက်လာပြီး အစားအစာများကို လူတိုင်းရဲ့ လက်ဘေးနားမှာရှိတဲ့ စားပွဲပေါ် တင်ပေးပြီး နောက်ဆုတ်ထွက်သွားတော့တယ် ။ ယန်းမော့ တံခါးပိတ်လိုက်ပြီး ယန်းမူန်နဲ့ ယန်းကျွမ်းတို့က စားပွဲပေါ်က ပန်းကန်ခွက်ယောက်တွေကို ချက်ချင်း စစ်ဆေးကြည့်ရာ ယန်းမူန်ရဲ့ ပန်းကန်လုံးအောက်ခြေမှာ အရာတခုကို စမ်းမိလိုက်တာမို့ သူချက်ချင်း ယူလိုက်တယ် အလွန်ပါးတဲ့ စာရွက်တရွက်ဖြစ်တယ် ။
YOU ARE READING
မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)
Romanceမျက်ကွယ်ကရတနာ အပိုင်းဆက် 96ကနေ စပါတယ် အရှေ့အပိုဒ်တွေက မျက်ကွယ်ကရတနာ ဆိုပြီး ရှာဖတ်နိုင်ပါတယ်