ဘာသာပြန်သာသာ May Tulips ရဲ့ ကျေးဇူးတင်လွှာ
ဝတ္ထုရှည်တွေကို ဖတ်လာတာကြာပြီ ပထမဆုံးပြီးအောင် ပြန်ခဲ့ဖူးတဲ့ ဝတ္ထုရှည် ဖြစ်ပါတယ် ။ အားပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်နော်
အထူးသဖြင့် နင် ငါ ကိုယ် မင်းတွေ နဲ့ ဖတ်ရတာ ခုလုခုလုတွေကို ကျော်ဖြတ်ပြီး အဆုံးထိဖတ်ခဲ့ရတာတွေအတွက် အားလည်းအားနာ ကျေးဇူးလည်းတင်ပါတယ်နော် မြန်မာ ဝတ္ထုတွေကို ဖတ်လေ့မရှိပဲ တရုတ်ဝတ္ထုကိုသာ ဖတ်ခဲ့တာမို့ မြန်မာစာကြောင်းစီရာမှာ အသုံးအနူန်းတွေ ထူးဆန်းနေတာကိုတော့ သတိထားမိကြမှာပါ ၊ နားလည်ပေးပြီး ဖတ်ပေး အားပေး ပြင်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်
ပြီးတော့ စကားပုံတွေရှာတိုင်း ကူညီပေးတဲ့ အစ်မတဦးကိုလည်း အထူးကျေးဇူးတင်ပါတယ် ၊ ဟို စာလုံးပေါင်းကလေ မှန်ရဲ့လားဆိုပြီး အပူကပ်တိုင်း ဖြေပေးတဲ့ အစ်မကိုကျေးဇူးတင်ပါတယ် ဒီတအုပ်ကို ရေးပြီး ငါလုပ်နိုင်သားပဲ ဆိုတဲ့ ယုံကြည်ချက်တိုးခဲ့ရပါတယ်၊ မှားတာတွေကို ထပ်မပြင်တော့ဘူးလားဆို appက မပေးပြင်တော့လို့ပါရှင့် အမှားပြင်တာတွေများပြီး ပထမတအုပ်က မပေးဝင်တော့လို့ပါ ၊
စာအုပ်တွေ ထပ်ရေးမလားဆိုရင်တော့ ထပ်ရေးပါမယ် ထပ်ရေးမဲ့ စာအုပ်တွေကလည်း တရုတ်ဘာသာပြန်စာအုပ်များသာဖြစ်ပါမယ်၊ နောက်စာအုပ်တွေ ကျရင်တော့ အမှားနည်းအောင် ပိုပြီး ဂရုစိုက်ဖို့ ကြိုးစားပါ့မယ် ရေရှည်ရေးဖြစ်အောင်တော့ plan ချရမှာမို့ အားပေးကြပါအုံးလို့ ပြောချင်ပါတယ်နော်
မြန်မာနိုင်ငံကြီး အမြန်အေးချမ်းပါစေလို့ ဆုတောင်းရင်း အားလုံး မင်္ဂလာနေ့ရက်လေးပါနော်
YOU ARE READING
မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)
Romanceမျက်ကွယ်ကရတနာ အပိုင်းဆက် 96ကနေ စပါတယ် အရှေ့အပိုဒ်တွေက မျက်ကွယ်ကရတနာ ဆိုပြီး ရှာဖတ်နိုင်ပါတယ်