extra 12.2 unicode

2.2K 328 19
                                    

  ယန်းသုံးယန်း အပိုင်း ၁.၂
 
    ယန်းမော့နဲ့ယန်းမူန်က ဟုန်ရှီနဲ့ ဟုန်ထိုက်ကို တခါတည်းနဲ့  ချစ်သွားကြတာမဟုတ်ပါ ။ တဖက်က ဦးရီးတော်ရဲ့ အနီးကပ်ကိုယ်ရံတော် ၊ တဖက်က သခင်လေးရဲ့ အနီးကပ်အစေခံ ဖြစ်တယ် ။ ဦးရီးတော်နဲ့ သခင်လေးတို့ကြားထဲမှာကလည်း တိုးတိုးတိတ်တိတ်‌နဲ့ဆိုတော့ ကြားထဲက ကိစ္စတွေကို အသီးသီးရဲ့ အနီးကပ်အစေခံတွေ က ပါဝင်ရပြီလေ ။ အထူးသဖြင့် ယွဲ့ချုံ အချစ်မခံရချိန်မှာ ဟုန်ရှီ၊ ဟုန်ထိုက် ချိန်ခါမလှပ် ယန်းရှကို တင်ပြစရာရှိတာတင်ပြရတယ် ယန်းမော့ ယန်းမူန်က လည်း အမြဲတမ်း လျန်ခြံကိုသွားပြီး ဦးရီးတော် အမိန့်တွေ ပို့ပေးရတယ် ။ ဒီလို သွားသွားလာလာတွေ များလာတော့ ယန်းမော့က ဟုန်ထိုက်ကိုကြည့်လေ မျက်စိထဲ အဆင်ချောလေ ၊ ယန်းမူန်က ဟုန်ရှီကို ကြည့်လေ မျက်စိထဲ အဆင်ချောလေ ဖြစ်လာခဲ့တယ် ။ ယန်းကျွမ့်က ယန်းမော့နဲ့ ယန်းမူန်ထက်စာရင် လျန်ခြံကို သွားတာ နည်းသည်မို့ ပြီးတော့ သူက အမျိုးသမီးသာနှစ်သက်သည်မို့ ယန်းမော့နဲ့ ယန်းမူန်နဲ့ ပြိုင်မလုနေဘူး။
 
   ယန်းမော့ နဲ့ ယန်းမူန်က ဟုန်ရှီ၊ ဟုန်ထိုက်ကိုကြည့်ရတာ အဆင်ချောနေပေမဲ့ နှစ်ယောက်လုံးငယ်တုန်းက အချစ်မခံရဖူးပဲ ဒုက္ခတွေသာ ခံခဲ့ရတာမို့ ဟုန်ရှီ၊ ဟုန်ထိုက်ကို ပျော်အောင် ဘယ်လိုလုပ်ရမလဲ မသိကြရှာဘူး ။ ဟုန်ထိုက်၊ ဟုန်ရှီကလည်း ကလေးပျော်တော်ဆက်ဖြစ်ခဲ့တာရယ် (တခေါက်သာ ဆိုပေမဲ့လည်း ) သခင်လေးအပေါ်လည်း စိတ်ထဲမှာ အပြစ်ရှိသလိုဖြစ်နေတာမို့  ယန်းအရာရှိက သူတို့အပေါ် ကောင်းတာ ခံစားမိပေမဲ့လည်း နှလုံးက ယန်းအရာရှိ နဲ့ နီးကပ်သွားတိုင်း နှစ်ချက်လောက်ပိုခုန်သွား‌တတ်ပေမဲ့လည်း နှစ်ယောက်လုံးက အများကြီး မတွေးကြဘူး ။ ယန်းမော့ နဲ့ ယန်းမူန် တို့လည်း မလောဘူး ဦးရီးတော် နဲ့ ယွဲ့ချုံသခင်လေးရဲ့ ကိစ္စတောင် အတည်တကျ မဖြစ်သေးတာမို့ သူတို့တွေလည်း တဦးချင်းစီဖြစ်ချင်တာကို အများကြီးမတွေးတော့ဘူး ဟုန်ရှီ နဲ့ ဟုန်ထိုက် တွေ့တဲ့အချိန်မှသာ နှစ်ယောက်သား နှစ်ချက်လောက်ပိုကြည့်ခဲ့လိုက်ကြတယ် ဒါမှမဟုတ် စကားနှစ်ခွန်းသုံးခွန်း ရအောင် သွား‌ပြောဖြစ်ကြတယ် ။

မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)Where stories live. Discover now