" မြို့တံခါးဖွင့်ပါ ! ဦးရီးတော်ကို ကြိုပါ ! "တုန်အော် နဲ့ လန့်ဖျို ချက်ချင်း အောက်ဘက်ကို အသံကျယ်ဖြင့် အော်ပြီး အမြန်ဆုံး ခြေလှမ်းဖြင့် မြို့ရိုးထိပ်ကနေ ဆင်းတော့တယ် ။
မြို့တံခါးဝမှာ စိုးရိမ်တကြီးနဲ့ ဆယ့်ငါးမိနစ်ခန့် စောင့်နေပြီးမှ အရှေ့လှမ်းလှမ်းက ထွက်လာတဲ့ အမည်းရိပ်ကို မြင်ရတာနဲ့ မြင်းကို ဒုန်းစိုင်းနှင်ကာ သွားကြိုတော့တယ် ။ တဝုန်းဝုန်းတောင်မြည်နေတဲ့ မြင်းခွာသံ နဲ့အတူ ဖုံးကွယ်လို့မရတဲ့ ကလေးငိုသံနဲ့ပါ လွှင့်လာတော့ လန့်ဖျိုနဲ့ တုံအော် စိတ်ထဲက လန့်သွားကြတယ် မင်းသားလေးကို မတွေ့ဖူးသေးတဲ့ လန့်ဖျိုတို့က မြင်းတင်ပါးကို ခပ်ကြမ်းကြမ်းလေး ရိုက်လိုက်မိလေတယ် ။
အရမ်းမြန်တယ် , နှစ်ဘက်လုံးဆုံကြလေပြီ ။ ယန်းရှက သူ့ရဲ့ လက်အောက်ငယ်သားနှစ်ဦးကို ပင်ပန်းသွားကြပြီ ဟု ပြောပြီး ချက်ချင်း ဆက်ပြောတယ်
" မင်းသားလေးအတွက် နို့သွားရှာပါ ဘာနို့ဖြစ်ဖြစ်ရတယ် "
လန့်ဖျိုက နှစ်ခါမပြောရဘူး မြင်းခေါင်းလှည့်ကာ မြို့ထဲ ပြေးနှင်တော့တယ် ၊ တုံအော်ကတော့ နူတ်ခမ်းခြောက်ဖတ်စကို လျှာနဲ့ လျှက်လိုက်ပြီး အောက်ကျို့ကာ ပြောတယ်
" ဦးရီးတော် , ကျွန်တော်မျိုး မင်းသားလေးကို မတွေ့ဖူးသေးဘူး "
ယန်းရှ က ဝတ်ရုံကို ဆွဲခွာလိုက်တော့ အားရပါးရငိုနေတဲ့ မျက်နှာလေး ပေါ်လာကြတယ် ။ သူက အဖေဖြစ်နေပြီဖြစ်တဲ့ လူမို့လို့ ကလေးက ဒီလောက်ငိုနေတာတွေ့တော့ တုန်အော် စိတ်ထဲမှာ တချက်နာကျင်သွားလေတယ်။ သူမျက်နှာပြောင်စွာဖြင့် သူ့ကို ပြုံးပြနေတဲ့ သူနား ကပ်သွားပြီး
" သခင်လေး , ကျွန်တော်မျိုးကို ပေးချီပါလား ? "
ချီထားတာကြာလို့ လက်ညောင်းနေတဲ့ ယွဲ့ချုံက ချက်ချင်းခေါင်းလေး ငြိမ့်လိုက်ပြီး
YOU ARE READING
မျက်ကွယ်ကရတနာ အဆက် Myanmar Translate (Complete)
Romanceမျက်ကွယ်ကရတနာ အပိုင်းဆက် 96ကနေ စပါတယ် အရှေ့အပိုဒ်တွေက မျက်ကွယ်ကရတနာ ဆိုပြီး ရှာဖတ်နိုင်ပါတယ်